Posts

Showing posts from August, 2021

အများနဲ့တစ်ယောက်

အများနဲ့တစ်ယောက်  ( အများနဲ့တစ်ယောက် ) ရီချင်စရာမကောင်းတဲ့   ဟာသပြကွက်တွေကိုမှ   လိုက်ရှာရင်း  ..... အများနဲ့တစ်ယောက်  ( အများနဲ့တစ်ယောက် ) လောကကြီးကို   ဟားတိုက်ပစ်ဖို့ ကြိုးစားမိလာတယ်  ..... ထိလွယ်ရှလွယ်   စကားလုံးလှိုင်းတံပိုးတွေအောက် ပြားပြားမှောက်လို့   ဆွံ့အမှုတွေနဲ့ နှလုံးသားဟာ   အခါခါနာကျင်ပေမဲ့ ဒီတခါတော့   ကိုယ့်ကိုယ်ကိုယ်   ကြင်နာတတ်ဖို့   သတိပေးဖြစ်တယ်  ..... ကောင်းကင်ကကြယ်တွေ   အလင်းခချိန် မော့ကြည့်ရင်း  ..... လမိုက်ညမှာ   ပိုပြီးတောက်ပသလို လပြည့်ညဆိုလည်း လမင်းအလင်းရောင်ကို   အားဖြည့်ရင်း ကိုယ်ပိုင်အလင်းဟာ   သူ့နေရာနဲ့သူဆိုတာ တွေ့မိပြန်တယ်  ..... အိပ်ပျက်ညတွေမှာ   အတွေးပို သံသရာလည်နေကျ  .... နာရီတွေရာသီတွေက သူ့အလုပ်သူပုံမှန်လုပ်နေတာ ကိုယ်တွေမှာသာ   ဆန္ဒတွေတွေက   ဟိုးရှေ့ကို ရောက်ချင်ဇောက   အားကြီးရင်း နေ့ညတွေမတူတဲ့   ကမ္ဘာ့အရှေ့နဲ့အနောက်ကို စိတ်အမြန်အားနဲ့   တခဏချင်းရောက်ပေမဲ့ လက်တွေ့ဘဝကို   ပြန်သတိဝင် အသက်ရှူသံ   မြန်ကျန်ရစ်ခဲ့ပေါ့  ..... ဒီလိုနဲ့ ကိုယ့်အသိနဲ့   ဦးနှောက်က ဘာသာပြန်တဲ့အတိုင်း လွယ်တာခက်တာတွေက ဖြစ်ပျက်သဘောကို   လက်ခံတတ်ရင် ဒါတွေဟာ   ခဏတာပါလို့   သီးခံခြင်းကို

အရှုံးထဲကအမြတ်

  သိမ်ပိုက်ထားတဲ့   ရနံ့တွေကို   အငမ်းမရနဲ့နေ့စဉ်ရှူရှိုက်  ..... ခရီးမထွက်ရတာလည်းကြာတော့ အတောင်ပံသစ်တစ်စုံနဲ့ ငါ   ပျံသန်းခဲ့ပြီ  ( ပျံသန်းခွင့်ရခဲ့ပြီ ) စိတ်ကူးတွေနဲ့ပဲပေါ့ .... တို့ဆီမှာ   ခုထိလည်း သေတဲ့သူကလည်းသေလို့ ငတေတွေကလည်း   မာပြီးရင်းမာလို့ မီးခိုးခေါင်းတိုင်က   မီးခိုးတွေဟာ လည်း မစဲပဲ   တသဲသဲရှိနေဆဲပဲ ..... ဒီကာလတွေထဲမှာ အသက်ရှူရခြင်းရဲ့တန်ဖိုးကိုလည်း သိခဲ့ရပြန်သေးတယ်  ..... စိတ္တဇညတွေရဲ့   အိပ်မက်တွေထဲမှာ တွေ့ချင်တဲ့သူတွေနဲ့   လည်း   တွေ့ခဲ့ကြဆုံခဲ့ကြ ဖမ်းဆုတ်မရခဲ့တာပဲရှိတာ  ..... Heart to heart  တဲ့ ငါကြားဖူးတယ်  ..... ရင်ဘတ်ချင်းနီးကြသူချင်း သူငယ်ချင်းရေ   အားမငယ်ပါနဲ့လို့ အပြန်အလှန်   ပြောခွင့်ကြုံရတယ် ဒါလေးကတော့   အမြတ်ပါပဲ  ..... ။   August 10, 2021 (TUE)
 ခုတော့ဖြင့် လေသင်းရနံ့ဟာ ရနံ့တွေလည်းပျယ်လို့ ချိုချဉ်ဖန်ခါး မသိမှုတွေနဲ့ ငဗစ်ဆိုတဲ့အကောင်က လူသားတွေကို စမ်းသပ်တယ် .... မရဏလမ်းဟာ  ဟောဟိုက ... လက်တစ်ကမ်းမှာတဲ့ သူက မျက်စပစ်နေတော့ အညံ့ခံလို့မဖြစ် အနေအစားမှန် ကိုယ်ခံအားသန်ပါမှ ဒီလမ်းကလွတ်လျော့မယ် .... အားတင်းထားကြမယ် မရဏမင်းတို့ လက်တို့ခေါ်ရာ ငါတို့မပါကြေး အချိန်မှ မတန်သေးပဲ .... ကြည့်ကြစမ်း အာရုံမလွဲနဲ့ နံရံရဲ့ တစ်ဖက်မှာ တို့တွေ အနာဂတ်ရှိတယ်လေ .... တစ်ယောက်ထဲတွန်းရုံနဲ့ မပြို အများအားနဲ့မှ ပြိုမှာသေချာလို့ ပြိုင်တူတွန်းဖို့ အင်အားလိုတာမို့ ကျန်းမာအောင် နေကြပါစို့ ....။  (မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ နှင့် ချစ်ခင်သူများသို့) August 1, 2021 ( SUN)