ခုတော့ဖြင့် လေသင်းရနံ့ဟာ

ရနံ့တွေလည်းပျယ်လို့

ချိုချဉ်ဖန်ခါး မသိမှုတွေနဲ့

ငဗစ်ဆိုတဲ့အကောင်က လူသားတွေကို စမ်းသပ်တယ် ....


မရဏလမ်းဟာ 

ဟောဟိုက ... လက်တစ်ကမ်းမှာတဲ့

သူက မျက်စပစ်နေတော့

အညံ့ခံလို့မဖြစ်

အနေအစားမှန် ကိုယ်ခံအားသန်ပါမှ

ဒီလမ်းကလွတ်လျော့မယ် ....


အားတင်းထားကြမယ်

မရဏမင်းတို့ လက်တို့ခေါ်ရာ

ငါတို့မပါကြေး

အချိန်မှ မတန်သေးပဲ ....


ကြည့်ကြစမ်း အာရုံမလွဲနဲ့

နံရံရဲ့ တစ်ဖက်မှာ

တို့တွေ အနာဂတ်ရှိတယ်လေ ....


တစ်ယောက်ထဲတွန်းရုံနဲ့ မပြို

အများအားနဲ့မှ ပြိုမှာသေချာလို့

ပြိုင်တူတွန်းဖို့ အင်အားလိုတာမို့

ကျန်းမာအောင် နေကြပါစို့ ....။ 

(မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ နှင့် ချစ်ခင်သူများသို့)

August 1, 2021 ( SUN) 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...