အများနဲ့တစ်ယောက်

အများနဲ့တစ်ယောက် (အများနဲ့တစ်ယောက်)

ရီချင်စရာမကောင်းတဲ့ ဟာသပြကွက်တွေကိုမှ 

လိုက်ရှာရင်း .....

အများနဲ့တစ်ယောက် (အများနဲ့တစ်ယောက်)

လောကကြီးကို ဟားတိုက်ပစ်ဖို့

ကြိုးစားမိလာတယ် .....


ထိလွယ်ရှလွယ် စကားလုံးလှိုင်းတံပိုးတွေအောက်

ပြားပြားမှောက်လို့ ဆွံ့အမှုတွေနဲ့

နှလုံးသားဟာ အခါခါနာကျင်ပေမဲ့

ဒီတခါတော့ ကိုယ့်ကိုယ်ကိုယ် 

ကြင်နာတတ်ဖို့ သတိပေးဖြစ်တယ် .....


ကောင်းကင်ကကြယ်တွေ အလင်းခချိန်

မော့ကြည့်ရင်း .....

လမိုက်ညမှာ ပိုပြီးတောက်ပသလို

လပြည့်ညဆိုလည်း

လမင်းအလင်းရောင်ကို အားဖြည့်ရင်း

ကိုယ်ပိုင်အလင်းဟာ သူ့နေရာနဲ့သူဆိုတာ

တွေ့မိပြန်တယ် .....


အိပ်ပျက်ညတွေမှာ အတွေးပို

သံသရာလည်နေကျ ....

နာရီတွေရာသီတွေက

သူ့အလုပ်သူပုံမှန်လုပ်နေတာ

ကိုယ်တွေမှာသာ 

ဆန္ဒတွေတွေက ဟိုးရှေ့ကို

ရောက်ချင်ဇောက အားကြီးရင်း

နေ့ညတွေမတူတဲ့ ကမ္ဘာ့အရှေ့နဲ့အနောက်ကို

စိတ်အမြန်အားနဲ့ တခဏချင်းရောက်ပေမဲ့

လက်တွေ့ဘဝကို ပြန်သတိဝင်

အသက်ရှူသံ မြန်ကျန်ရစ်ခဲ့ပေါ့ .....


ဒီလိုနဲ့

ကိုယ့်အသိနဲ့ ဦးနှောက်က

ဘာသာပြန်တဲ့အတိုင်း

လွယ်တာခက်တာတွေက

ဖြစ်ပျက်သဘောကို လက်ခံတတ်ရင်

ဒါတွေဟာ ခဏတာပါလို့ 

သီးခံခြင်းကို အတောင်ပံတပ်ပျံသန်းကြရုံ .... 

သက်တန့်လွှာ။ 

August 29,3021 (SUN)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...