Posts

Showing posts from May, 2020

သိမ်းထားတဲ့ နေ့စွဲများ

Image
ဖြတ်သန်းခဲ့တဲ့   ဘဝတွေမှာ   ခဏခဏ   ထုတ်ကြည့်ချင်စရာ မေ့ပျောက်ဖို့ခက်လို့ ချိနဲ့နဲ့   နှလုံးသားတစ်စုံနဲ့ သိမ်းထားခဲ့တဲ့   နေ့စွဲများလည်းရှိခဲ့  ..... ဘယ်သူမှ   မသိနိုင်ခင် မသိစိတ်ထဲက   အကြိမ်ကြိမ်မောင်းထုတ် အစွဲတွေက   ချွတ်ဖို့ခက်ခဲလွန်းတော့ ကိုယ့်နှလုံးသားကို   ကိုယ်   မညာရက် အလွမ်းတွေနဲ့   ရက်ဆက်ခဲ့တာ ကြာပြီလေ  ..... အကြောင်းတွေရယ်   တိုက်ဆိုင်တိုင်း အတွင်းတစ်နေရာက   အချက်ပေး ဒီမျက်မျက်ရည်တွေလည်း   မစဲနိုင်သေးတာ ဝဋ်ကြွေးတစ်ခုပမာပဲ ..... အချိန်တွေ   နောက်ပြန်ရွှေ့ ကံကြမ္မာကို   တစ်ပါတ်ပြန်လှည့်ချင်တာ အခါတစ်ရာမကဆိုတာ   ကိုယ်တိုင်သာသိလို့ သိမ်းထားတဲ့နေ့စွဲများဟာ ကိုယ့်အတွက်တော့   တကယ်အရေးပါတာ  ....  (၃၁.၀၅.၂၀၂၀) ရန်ကုန်။

အပြုံး ...

ပြုံးပါ   ပြုံးလိုက်စမ်းပါ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလို့ မင်း   စိတ်တွင်းက   အလင်းကို မြင်ရအောင်  .....  ပြုံးပါ   ပြုံးလိုက်စမ်းပါ ပါးပါးလေးပဲ   မင်းပြုံးတဲ့ခါ မင်း   ရင်တွင်းမှာ   အလွှာတစ်လွှာ ဖုံးထားတဲ့အကြောင်းလေး ကိုယ်   မြင်လို့   အဖြေရှာဖို့လိုပြီဆိုတာ  သိရအောင်  ..... ခမ်းနားတဲ့အပြုံး   ပြုံးတတ်လာပြီဆိုရင် လှောင်ပြုံး၊   မဲ့ပြုံး၊   မချိပြုံး   တွေနဲ့   အမုန်းတရားတွေကို   အောင်နိုင်လို့ ချစ်ခြင်းတရားက   မင်းရဲ့အနားမှာ ရှိနေတာသေချာပြီလေ  ..... (၂၉.၀၅.၂၀၂၀)၊ ရန်ကုန်။

တစ်ကိုယ်တော် ခရီးနှင် .....

Image
အေးစက်သွားပြီ တမင်တကာ ရှောင်ဖယ်လို့ပုန်းသူကို အတွေးလေးနဲ့ ပြေးကြည့်လို့ ပူပန်တွေးများ ကျန်ခဲ့သေးလားရယ် ကိုယ့်ကိုယ်ကိုယ် အကဲခတ်မိပြန်တယ် ..... သေချာတယ် ရင်ဘတ်ချင်းမှ မနီးတော့တဲ့နောက် လူရှိန်အောင်သာ အနေမပျက် ဘာလို့နေအုံးမလဲလေ .....  အတ္တချင်းလည်း မပြိုင်ပါရစေနဲ့ စီးချင်းထိုးတဲ့ပွဲမှာ ဉာဏ်ပညာအသားပေးမလား ရိုးသားမှုချင်းပြိုင်တာလည်း မဟုတ်ခဲ့တော့ ရိုးဂုဏ်က ဒီကိစ္စမှာ ပါဝါမရှိတာ သေချာ ..... ဒီတော့ အမှန်တရား ခါးခါးလေးနဲ့ ဘဝဆိုတဲ့ ကျောင်းစာတွေက တစ်နေ့ထက်တစ်နေ့ ခက်ခက်လာတယ် နောက် နေ့သစ်များ အတွက် ဆရာ အရှာထွက်တော့မှလို့ တွေးတုန်း ဘတ်သီးလေးကလည်း လင်းတစ်ချက် မလင်းတစ်ချက်နဲ့ မိုးမလင်းသေးဘူးလို့ ပြောနေလေရဲ့ .....။ (၂၇.၀၅.၂၀၂၀) ရန်ကုန်။

အလင်းရောင်

Image
ရုတ်တရက်   တိတ်တိတ်ကလေးနဲ့   ဆွံ့အနှုတ်ဆိတ်   ကျောခိုင်းလို့မသွား   အသိတရားများ   ပွားများလို့ ခြောက်ကပ်ကပ်   ငါ့အခန်းငယ်ထဲ ဘယ်မှာလဲ   အလင်းရောင် အို  .....  ငံ့လင့်နေဆဲ  ..... ။ ​ အမှောင်ချိန်တွေမှာ   ငါ  ..... အလင်းတို့   ဖွေရှာဆဲ ငါ့ရဲ့စိတ်တို့   လေဟာနယ်မှာ   မျောပါရင်း အဝေးထိန်းခလုတ်   တစ်ခု ငါ ...    ကောက်ရလို့ ဒီလောက်ဆို   အဆင်ပြေပြီလေ ..... ။   (၂၆.၀၅.၂၀၂၀) ရန်ကုန်။ 

ထာဝရမိတ်ဆွေ

Image
ဝါသနာနဲ့ ရပ်တည်ရာတွေ ထပ်တူကျလို့ ကြည်နူးစရာ၊ ရယ်မောပျော်ရွှင်ဖွယ်ရာ ရှိလာတဲ့အခါ လှိုက်လှဲစွာနဲ့ အပြန်အလှန် တုန့်ပြန်ကြလို့ရယ် ..... ဝမ်းနည်းနာကျင်တဲ့အခါ ခက်ခက်ခဲခဲနဲ့ ကျားကန် ရဲဘော် ရဲဘက် စိတ်နဲ့ အမြဲ လက်တွဲ ချီတက်ခဲ့ကြလို့ နှစ်တွေ ကြာညောင်းပေမဲ့ ခင်မင်မှုကို ချောင်ထိုးမထား အငွေ့ပျံ ပျောက်သွားမလား သံသယစိုးစိတ် မရှိလေကောင်းလေရယ် ..... လူ့ဖြစ်စဉ်ဝယ် ခက်ခဲပါစေ တစ်ယောက်ပေါ် တစ်ယောက်က ယုံကြည် လေးစား အလေးထားကြတာဖြင့် ထာဝရမိတ်ဆွေချင်းမို့ ရှာမှရှားတဲ့ ကံတရားရဲ့ မျက်နှသာပေးမှုသာ ..... (၂၂.၀၅.၂၀၂၀) ရန်ကုန်။ Photo - Thant Aung Khine (Travelling Style) 

အမြင့်ဆုံးသို့ ပျံပါငှက်ကလေး

Image
လေဟုန်ကို   ဆန်လို့   မင်းအစွမ်းရှိသလောက်တော့   ပျံပါလေ မောလာတဲ့ခဏ   မင်းဦးတည်ရာလမ်းမှာ ခိုနားရာကိုရှာ   ခဏတော့ အပန်းဖြေပါ  ..... သစ်တစ်ပင်မက   မင်းနားခဲ့တဲ့   နေရာများစွာက နွေးထွေးလုံခြုံခဲ့ရင် ခရီးတစ်ထောက်ခိုနားခဲ့ရာ   မင်း  အသိအမှတ်ပြုပါ  .....  (၂၁.၀၅.၂၀၂၀) ရန်ကုန်။

လွမ်းနေယုံ သက်သက်

Image
အလွမ်း ဓာတ်ခံက မွေးရာပါလို့ လွမ်းစာတွေဖွဲ့  လွမ်းတေးများနဲ့မွေ့လျော် အလွမ်း ဝင်္ကဘာတောမယ် အဝင်လွယ် အထွက်ခက်ပေမဲ့ လွမ်းနေခွင့်လေးပဲ သူပေးခဲ့တာ နှစ်ပေါင်းအတော်ကြာပေါ့ ..... (၁၉.၀၅.၂၀၂၀) ရန်ကုန်။

ချစ်ခြင်းရဲ့ သင်္ကေတက

Image
အပြစ်ကင်းတဲ့  ချစ်ခြင်းရဲ့ သင်္ကေတက ဒီ   ရင်ဘတ်ထဲမှာ   နေရာတကျ ခိုလှုံရာနေရာ   အတည်တကျနဲ့မို့ ​ တည်ငြိမ်စွာနဲ့   တန်ဖိုးရှိနေလို က်တာ ငါ့မှာ   နောက်ထပ်မျှော်စရာ   မရှိ ပြီ   ..... (19.05.2020) YGN
Image
ဟိုအရင်ချိန်က   ဘဝတွေဆီပေါ့ ..... ဘတ်စ်ကားခပေးပြီး အိပ်ကပ်မှာ   လေခို ​ ဒီလောကဒဏ်တွေကို ငါတို့မှာ   ကြံ့ကြံ့ခံရင်း အားမာန်တွေ   ထည့်ခဲ့ကြတယ်လေ .... အနိုင်အရှုံးမဲ့ တိုက်ပွဲမှာ မောပန်းတာတွေ မငြီးတွား စိတ်ကောင်းလေးတစ်ခု အရင်းပြုလို့ ပျော်ပျော်ကြီးသာ ရှေ့ကိုတိုး အများနဲ့ သဟဇာတမျှဖို့ ငါတို့ ကြိုးစားနေတုန်းပဲလေ ..... ရပ်တည်ရာ ဘဝတွေကိုယ်စီမှာ အိပ်မက် ကိုယ်စီမက်လို့ စိတ်ကူးတွေက လက်တွေ့ဖြစ်လာဖို့ ကြိုးစားကြဆဲ မဟုတ်လား ..... ဒီလိုနဲ့ ဝမ်းစာဖွေရှာ တစ်နေ့မှာတော့ဖြင့် ငါတို့ပန်းတိုင် အရောက်လှမ်းနိုင်ရမယ်လို့ လျှောက်နေတဲ့လမ်း ရပ်တန့်လို့မရ ရှေ့ကိုသာ ဦးတည်ကြစမ်းမယ် ..... (၁၈.၀၅.၂၀၂၀) ရန်ကုန်။

ရင့်ကျက်မှုကို ဖွေရှာခြင်း

Image
သီးခံခြင်း တစ်ခုတည်းနဲ့ ရင့်ကျက်တယ်   မဆိုနိုင်ပါဘူးလေ အသက်အရွယ်နဲ့   ရင့်ကျက်မှုက တိုက်ရိုက်   အချိုးမကျနေတာ မင်း   မြင်ကြည့်စမ်းပါ  .... သူတစ်ပါး အပြစ် ကိုယ်မြင်မိတဲ့အခါ ကိုယ့်ကိုယ်တွင်းမှာ  ဦးစွာ ရှာဖွေကြည့်ပါ ကိုယ်ချင်းစာနာတတ်ခြင်းဟာ ဉာဏ်ပညာရဲ့   အပေါင်း   လက္ခဏာဆောင်လို့ ကိုယ်   နှုတ်   နှလုံး   သုံးပါးလုံးဟာ အလိုက်သင့်ဖြစ်နေရမှာ   .... နေ့စဉ်ဘဝမှာ တွေ့တွေ့ရသမျှဟာ ရင့်ကျက်မှုအတွက် လေ့ကျင့်ခန်းတွေမို့ သင်ခန်းစာ မကျေညက်သရွေ့ အသက်သာကြီးလို့  လူကလေး ရတက်မအေးခြင်းနဲ့သာ မင်းကြုံရလိမ့်  ..... ဒါကြောင့်လေ  အရာရာအတွက်  ပြစ်တင်မစောနဲ့  ရှုဒေါင့်စုံက ကြည့်နိုင်ပါမှ  ငယ်သောအမှု မကြီးစေရာ ပြသနာတိုင်းမှာ အဖြေရှိတာ တို့သိနိုင်လို့ အဖြေမှန်ကို ရှာကြစို့  ..... (၁၇.၀၅.၂၀၂၀) ရန်ကုန်။

အတွေးများနဲ့ည

Image
လူလေးရယ်ငယ်ချိန်က   မဖြစ်ညှစ်ကျယ် ဘဝတွေမှာ လေအဟုန်ကို   စုန်ဆန်ရင်းနဲ့ အယူဝါဒ မတူကွဲပြားခြင်းတွေ ကြားထဲ ငါ့ရပ်တည်ရာ   ရှာရင်းနဲ့   မောလာတော့ တယူသန်ရပ်ကွက်က   ငါ  .. ...  လှည့်ထွက်ခဲ့တာ   ကြာပေါ့  ။ တွေ့ကြုံလာရ ဒီလောကမှာ  မတရားခြင်းနဲ့   မွေ့လျော်   မတော်လောဘက   အတောသတ်မရ အမှားတစ်ရာက   အမှန်တစ်ခါနဲ့ကျေရောလား ဖြောင့်မတ်မှုတွေက   မမြင်ကွယ်ရာဆီ  ပြေးပုန်းလို့ တော်ပါပြီ  ဒီဇာတ်လမ်း   ဒီတင်ပြီးစမ်းကွဲ့    ..... တိတ်ဆိတ်တဲ့ညမှာ   အတွေးတွေရယ် ​ မြင်ယောင်စေတယ်  အရင် အချိန်တွေကိုကွယ် ကံကြမ္မာကို   အလောင်းအစားလုပ် စေတနာ တရား ရှေ့ထုတ်လို့   လက်တွေ့ဘဝမှာ   ကိုယ်ယုံကြည်ရာ မမောတမ်း လျှောက်နေဆဲ    ..... (၁၆.၅.၂၀၂၀) ရန်ကုန်။

နေညိုချိန်အလွမ်း

Image
တိမ်တွေရယ် ခေါ်သွားပေးပါ ဟိုး အဝေးဆီကို အလွမ်းလေပြေနဲ့ သူခေါ်ရာနောက် စိတ်တွေနဲ့ ရွက်လွှင့်ချင်မိတယ် ..... (၁၅.၅.၂၀၂၀) ရန်ကုန်။

ခိုနားရာ

Image
ရှေ့ကို   လှမ်းမျှော်ကြည့်ဖို့ရာ မျက်စိတစ်ဆုံးလား   မျက်တောင်တစ်ဆုံးလား   ကိုယ့်ရွေးချယ်ရာ ဘဝတွေ   ဖြစ်လာတယ်     ..... ဖြတ်သန်းခဲ့တဲ့   ဘဝတွေလဲ အမြီးကျက်အမြီးစား   ခေါင်းကျက်ခေါင်းစား   ဘဝတွေက အို   သနားစရာ   ရပ်တည်ချက်တွေနဲ့  ..... ဒီလိုနဲ့သာ   အိုမင်းလာခဲ့ရင် ထိုက်တန်ရာ   ဘဝများစွာ သံသရာ   အဆက်ဆက်မှာ ခိုနားရာ   ရှာရခက်လိမ့်မယ်  ..... (၁၄.၅.၂၀၂၀) ရန်ကုန်

ရာသီချိန်ခါ

Image
ရွက်ဝါတို့ ကြွေဆင်း လေအဝှေ့မှာ လွင့်ပါမျောလို့ နွေရဲ့ သရုပ်ကို သူဖော် ရိုးတံပြိုင်းပြိုင်း ပင်အိုပင်ပျို အလှချင်းပြိုင်လို့ ဥဩငှက်ပျိုတို့ တေးသံဆိုပြီ ..... မိုးယံက တိမ်တွေစုဖွဲ့ အုံ့မှိုင်းလို့  ပြိုတော့မယ်ဟန်နဲ့ ကမ္ဘာမြေဆီ ပက်ဖျန်းမယ်ကြံ လေနှင်လို့ သူ့မှာ အားပျော့ရပြန် ...... မျှော်လေတဲ့အချိန်ခါရာသီ သူ့ချိန်ရောက်ပြီမို့ အလှထူးစွာ ရွက်နုတို့ဝေဖြာ မျက်စိပသာဒ ကြည့်မဝချင်စရာ မိုးဦးရာသီမှာ မိုးစက်ပွင့်တို့ပက်ဖြန်းပြီ ..... (၁၀.၅.၂၀၂၀) ရန်ကုန်

အမုန်းတရား ကင်းမဲ့ဇုန်မှာ ...

Image
တစ်နေ့တစ်မျိုးတော့ မရိုးနိုင် အကျိုးအပြစ် ရောထွေးနေတဲ့ လောကကြီးမယ်  အဟောင်းအသစ်တွေလဲ ဆုံလေပေါ့ .... ယုံကြည်မှုနဲ့ တည်ဆောက် ခိုင်ကြည်မှုအတွက် ဘယ်အရာက အရေးပါတာ နေ့စဉ်ဖွေရှာလို့ ပျောက်ပျက်မသွားတဲ့ ငါတို့ရဲ့သစ္စာ  ..... သူရှိနေခြင်းအကြောင်းနဲ့ ကိုယ်ရှိနေခြင်းအကြောင်းတွေက ဘဝမှာ အဓိပ္ပါယ်ကိုယ်စီနဲ့ အတ္တတွေကို ဖယ်ခွာထားကြ အမုန်းတရား ကင်းမဲ့ဇုန်မှာ ..... TTH (8.5.2020)

သက်ဆုံးထာဝရ သူကကိုယ့်သခင်

Image
အားကျစရာ ဂုဏ်အင်တွေနဲ့ ကိုယ့်ဘဝ မဟာတံတိုင်းမို့ သက်ဆုံးထာဝရ သူကကိုယ့်သခင် ,,,,, နူးညံ့စွာတွေး နွေးထွေးစွာပြုံးလေတဲ့ လမိုက်ညကိုယ့်ဘဝရဲ့ အလင်းရောင်မို့ သူက ကိုယ့်အတွက် အရာရာ ..... ယုံကြည်ပါ ကိုယ်တို့နှစ်ယောက်က အစားထိုးဖို့ရာ နောက်ထပ်မရှိ အရှေ့နဲ့အနောက် ဘယ်သူကရောက်ရောက် သွားရမဲ့ ခရီးလမ်းမှာ  ဆွဲခေါ်ယူငင် သူ့အလိုလိုပင် ..... သစ္စာတွေဆိုစရာမလို ရင်တွင်းဆန္ဒ ထပ်တူကျလို့ အပြစ်တွေမမြင် မငြိုငြင်ပဲ ဝေးဖို့ရာ မတွေး နောက်ဆုံးထွက်သက်ထိ ကိုယ့်တို့ ချစ်ခြင်းတည်စေသော် .....။ TTH (6.5.2020)

နှလုံးသားချင်းသိစေ

Image
နှလုံးသားချင်းသိစေ မယုံနိုင်အောင် သံယောဇဉ်တိုး အမည်နာမ ခေါ်စရာနာမ်စား တိတ်တိတ်လေး သိမ်းထားကြစတမ်း ..... ဟန်မဆောင်တမ်း စိတ်ထဲကအတိုင်း တစ်ယောက်က တစ်ယောက်ကို မချည်နှောင် စည်းတစ်ခုထား အကြင်နာတရား တိုးလို့သာပွား အရင်လိုပဲ အရင်အတိုင်းပဲ  အလိုက်တသိ နားလည်မှုထား နေကြစို့လား ..... သူပျော်ပါစေ မေတ္တာနဲ့တွေး နှလုံးသားချင်း နီးနီးလေး ကြားလေသွေးတိုင်း မရိုင်းကြေး ချစ်ခြင်းရဲ့ တံဆိပ်  အနက်ရှိုင်းဆုံးမှာ ကပ်ထားကြစို့လား ..... TTH (5.5.2020)

လူ့ လူ လူး

Image
ကြွယ်ဝမှုတွေကို တံဆိပ်မကပ်  စိန်တွေရွှေတွေအသာထားလို့  ငါဟဲ့လူသား သူ့တံဆိပ်ကား လူ့လူလူးလို့ ပေးမယ်ဗျား .....။ လူ့လောကထဲက  သူ လူထဲကလူပဲဆိုတာ သူ  လူးလူးလွန့်လွန့်  အတွေးတွေဝေဆာတဲ့  သူ မို့ လောကဒဏ်တရား ရှစ်ပါးကို  ဆင်ခြင်သုံးသပ်လို့  လာမဲ့ဘေးလဲ သူ ရင်ဆိုင်ဖို့  အတွင်းအားတို့ ကျင့်နေပြီ  .... ။ TTH (May 1, 2020)