သက်ဆုံးထာဝရ သူကကိုယ့်သခင်

အားကျစရာ ဂုဏ်အင်တွေနဲ့

ကိုယ့်ဘဝ မဟာတံတိုင်းမို့

သက်ဆုံးထာဝရ သူကကိုယ့်သခင် ,,,,,


နူးညံ့စွာတွေး နွေးထွေးစွာပြုံးလေတဲ့

လမိုက်ညကိုယ့်ဘဝရဲ့ အလင်းရောင်မို့

သူက ကိုယ့်အတွက် အရာရာ .....


ယုံကြည်ပါ ကိုယ်တို့နှစ်ယောက်က

အစားထိုးဖို့ရာ နောက်ထပ်မရှိ

အရှေ့နဲ့အနောက် ဘယ်သူကရောက်ရောက်

သွားရမဲ့ ခရီးလမ်းမှာ 

ဆွဲခေါ်ယူငင် သူ့အလိုလိုပင် .....


သစ္စာတွေဆိုစရာမလို

ရင်တွင်းဆန္ဒ ထပ်တူကျလို့

အပြစ်တွေမမြင် မငြိုငြင်ပဲ

ဝေးဖို့ရာ မတွေး

နောက်ဆုံးထွက်သက်ထိ

ကိုယ့်တို့ ချစ်ခြင်းတည်စေသော် .....။

TTH (6.5.2020)



Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး