နှလုံးသားချင်းသိစေ

နှလုံးသားချင်းသိစေ

မယုံနိုင်အောင် သံယောဇဉ်တိုး

အမည်နာမ ခေါ်စရာနာမ်စား

တိတ်တိတ်လေး သိမ်းထားကြစတမ်း .....


ဟန်မဆောင်တမ်း စိတ်ထဲကအတိုင်း

တစ်ယောက်က တစ်ယောက်ကို

မချည်နှောင် စည်းတစ်ခုထား

အကြင်နာတရား တိုးလို့သာပွား

အရင်လိုပဲ အရင်အတိုင်းပဲ 

အလိုက်တသိ နားလည်မှုထား

နေကြစို့လား .....


သူပျော်ပါစေ မေတ္တာနဲ့တွေး

နှလုံးသားချင်း နီးနီးလေး

ကြားလေသွေးတိုင်း မရိုင်းကြေး

ချစ်ခြင်းရဲ့ တံဆိပ် 

အနက်ရှိုင်းဆုံးမှာ ကပ်ထားကြစို့လား .....

TTH (5.5.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...