လူ့ လူ လူး
ကြွယ်ဝမှုတွေကို တံဆိပ်မကပ် 
စိန်တွေရွှေတွေအသာထားလို့ 
ငါဟဲ့လူသား သူ့တံဆိပ်ကား
လူ့လူလူးလို့ ပေးမယ်ဗျား .....။
လူ့လောကထဲက  သူ
လူထဲကလူပဲဆိုတာ သူ 
လူးလူးလွန့်လွန့် 
အတွေးတွေဝေဆာတဲ့  သူ မို့
လောကဒဏ်တရား ရှစ်ပါးကို 
ဆင်ခြင်သုံးသပ်လို့ 
လာမဲ့ဘေးလဲ သူ ရင်ဆိုင်ဖို့ 
အတွင်းအားတို့ ကျင့်နေပြီ  .... ။
TTH (May 1, 2020)
 
Comments
Post a Comment