ထာဝရမိတ်ဆွေ

ဝါသနာနဲ့ ရပ်တည်ရာတွေ ထပ်တူကျလို့

ကြည်နူးစရာ၊ ရယ်မောပျော်ရွှင်ဖွယ်ရာ

ရှိလာတဲ့အခါ လှိုက်လှဲစွာနဲ့

အပြန်အလှန် တုန့်ပြန်ကြလို့ရယ် .....


ဝမ်းနည်းနာကျင်တဲ့အခါ

ခက်ခက်ခဲခဲနဲ့ ကျားကန်

ရဲဘော် ရဲဘက် စိတ်နဲ့

အမြဲ လက်တွဲ ချီတက်ခဲ့ကြလို့

နှစ်တွေ ကြာညောင်းပေမဲ့

ခင်မင်မှုကို ချောင်ထိုးမထား

အငွေ့ပျံ ပျောက်သွားမလား

သံသယစိုးစိတ် မရှိလေကောင်းလေရယ် .....


လူ့ဖြစ်စဉ်ဝယ် ခက်ခဲပါစေ

တစ်ယောက်ပေါ် တစ်ယောက်က

ယုံကြည် လေးစား အလေးထားကြတာဖြင့်

ထာဝရမိတ်ဆွေချင်းမို့

ရှာမှရှားတဲ့ ကံတရားရဲ့ မျက်နှသာပေးမှုသာ .....

(၂၂.၀၅.၂၀၂၀) ရန်ကုန်။

Photo - Thant Aung Khine (Travelling Style) 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...