ခိုနားရာ

ရှေ့ကို လှမ်းမျှော်ကြည့်ဖို့ရာ

မျက်စိတစ်ဆုံးလား မျက်တောင်တစ်ဆုံးလား 

ကိုယ့်ရွေးချယ်ရာ

ဘဝတွေ ဖြစ်လာတယ်  .....


ဖြတ်သန်းခဲ့တဲ့ ဘဝတွေလဲ

အမြီးကျက်အမြီးစား 

ခေါင်းကျက်ခေါင်းစား ဘဝတွေက

အို သနားစရာ ရပ်တည်ချက်တွေနဲ့ .....


ဒီလိုနဲ့သာ အိုမင်းလာခဲ့ရင်

ထိုက်တန်ရာ ဘဝများစွာ

သံသရာ အဆက်ဆက်မှာ

ခိုနားရာ ရှာရခက်လိမ့်မယ် .....

(၁၄.၅.၂၀၂၀) ရန်ကုန်



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...