အမုန်းတရား ကင်းမဲ့ဇုန်မှာ ...

တစ်နေ့တစ်မျိုးတော့ မရိုးနိုင်

အကျိုးအပြစ် ရောထွေးနေတဲ့

လောကကြီးမယ် 

အဟောင်းအသစ်တွေလဲ ဆုံလေပေါ့ ....


ယုံကြည်မှုနဲ့ တည်ဆောက်

ခိုင်ကြည်မှုအတွက် ဘယ်အရာက

အရေးပါတာ နေ့စဉ်ဖွေရှာလို့

ပျောက်ပျက်မသွားတဲ့ ငါတို့ရဲ့သစ္စာ  .....


သူရှိနေခြင်းအကြောင်းနဲ့

ကိုယ်ရှိနေခြင်းအကြောင်းတွေက

ဘဝမှာ အဓိပ္ပါယ်ကိုယ်စီနဲ့

အတ္တတွေကို ဖယ်ခွာထားကြ

အမုန်းတရား ကင်းမဲ့ဇုန်မှာ .....

TTH (8.5.2020)



Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...