အတွေးများနဲ့ည

လူလေးရယ်ငယ်ချိန်က 

မဖြစ်ညှစ်ကျယ် ဘဝတွေမှာ

လေအဟုန်ကို စုန်ဆန်ရင်းနဲ့

အယူဝါဒ မတူကွဲပြားခြင်းတွေ ကြားထဲ

ငါ့ရပ်တည်ရာ ရှာရင်းနဲ့ မောလာတော့

တယူသန်ရပ်ကွက်က ငါ  ..... 

လှည့်ထွက်ခဲ့တာ ကြာပေါ့ ။



တွေ့ကြုံလာရ ဒီလောကမှာ 

မတရားခြင်းနဲ့ မွေ့လျော် 

မတော်လောဘက အတောသတ်မရ

အမှားတစ်ရာက အမှန်တစ်ခါနဲ့ကျေရောလား

ဖြောင့်မတ်မှုတွေက မမြင်ကွယ်ရာဆီ ပြေးပုန်းလို့

တော်ပါပြီ ဒီဇာတ်လမ်း ဒီတင်ပြီးစမ်းကွဲ့  .....



တိတ်ဆိတ်တဲ့ညမှာ အတွေးတွေရယ်

မြင်ယောင်စေတယ် အရင်အချိန်တွေကိုကွယ်

ကံကြမ္မာကို အလောင်းအစားလုပ်

စေတနာတရား ရှေ့ထုတ်လို့ 

လက်တွေ့ဘဝမှာ ကိုယ်ယုံကြည်ရာ

မမောတမ်း လျှောက်နေဆဲ  .....

(၁၆.၅.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...