ရင့်ကျက်မှုကို ဖွေရှာခြင်း

သီးခံခြင်း တစ်ခုတည်းနဲ့

ရင့်ကျက်တယ် မဆိုနိုင်ပါဘူးလေ

အသက်အရွယ်နဲ့ ရင့်ကျက်မှုက

တိုက်ရိုက် အချိုးမကျနေတာ

မင်း မြင်ကြည့်စမ်းပါ ....


သူတစ်ပါးအပြစ် ကိုယ်မြင်မိတဲ့အခါ

ကိုယ့်ကိုယ်တွင်းမှာ ဦးစွာရှာဖွေကြည့်ပါ

ကိုယ်ချင်းစာနာတတ်ခြင်းဟာ

ဉာဏ်ပညာရဲ့ အပေါင်း လက္ခဏာဆောင်လို့

ကိုယ် နှုတ် နှလုံး သုံးပါးလုံးဟာ

အလိုက်သင့်ဖြစ်နေရမှာ  ....


နေ့စဉ်ဘဝမှာ တွေ့တွေ့ရသမျှဟာ

ရင့်ကျက်မှုအတွက် လေ့ကျင့်ခန်းတွေမို့

သင်ခန်းစာ မကျေညက်သရွေ့

အသက်သာကြီးလို့ 

လူကလေး ရတက်မအေးခြင်းနဲ့သာ

မင်းကြုံရလိမ့်  .....


ဒါကြောင့်လေ အရာရာအတွက် 

ပြစ်တင်မစောနဲ့ 

ရှုဒေါင့်စုံက ကြည့်နိုင်ပါမှ 

ငယ်သောအမှု မကြီးစေရာ

ပြသနာတိုင်းမှာ အဖြေရှိတာ

တို့သိနိုင်လို့ အဖြေမှန်ကို ရှာကြစို့  .....

(၁၇.၀၅.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...