သိမ်းထားတဲ့ နေ့စွဲများ

ဖြတ်သန်းခဲ့တဲ့ ဘဝတွေမှာ 
ခဏခဏ ထုတ်ကြည့်ချင်စရာ
မေ့ပျောက်ဖို့ခက်လို့
ချိနဲ့နဲ့ နှလုံးသားတစ်စုံနဲ့
သိမ်းထားခဲ့တဲ့ နေ့စွဲများလည်းရှိခဲ့ .....


ဘယ်သူမှ မသိနိုင်ခင်
မသိစိတ်ထဲက အကြိမ်ကြိမ်မောင်းထုတ်
အစွဲတွေက ချွတ်ဖို့ခက်ခဲလွန်းတော့
ကိုယ့်နှလုံးသားကို ကိုယ် မညာရက်
အလွမ်းတွေနဲ့ ရက်ဆက်ခဲ့တာ
ကြာပြီလေ .....


အကြောင်းတွေရယ် တိုက်ဆိုင်တိုင်း
အတွင်းတစ်နေရာက အချက်ပေး
ဒီမျက်မျက်ရည်တွေလည်း မစဲနိုင်သေးတာ
ဝဋ်ကြွေးတစ်ခုပမာပဲ .....


အချိန်တွေ နောက်ပြန်ရွှေ့
ကံကြမ္မာကို တစ်ပါတ်ပြန်လှည့်ချင်တာ
အခါတစ်ရာမကဆိုတာ ကိုယ်တိုင်သာသိလို့
သိမ်းထားတဲ့နေ့စွဲများဟာ
ကိုယ့်အတွက်တော့ တကယ်အရေးပါတာ .... 
(၃၁.၀၅.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...