ဟိုအရင်ချိန်က ဘဝတွေဆီပေါ့ .....

ဘတ်စ်ကားခပေးပြီး

အိပ်ကပ်မှာ လေခို

ဒီလောကဒဏ်တွေကို

ငါတို့မှာ ကြံ့ကြံ့ခံရင်း

အားမာန်တွေ ထည့်ခဲ့ကြတယ်လေ ....


အနိုင်အရှုံးမဲ့ တိုက်ပွဲမှာ

မောပန်းတာတွေ မငြီးတွား

စိတ်ကောင်းလေးတစ်ခု အရင်းပြုလို့

ပျော်ပျော်ကြီးသာ ရှေ့ကိုတိုး

အများနဲ့ သဟဇာတမျှဖို့

ငါတို့ ကြိုးစားနေတုန်းပဲလေ .....


ရပ်တည်ရာ ဘဝတွေကိုယ်စီမှာ

အိပ်မက် ကိုယ်စီမက်လို့

စိတ်ကူးတွေက လက်တွေ့ဖြစ်လာဖို့

ကြိုးစားကြဆဲ မဟုတ်လား .....


ဒီလိုနဲ့ ဝမ်းစာဖွေရှာ တစ်နေ့မှာတော့ဖြင့်

ငါတို့ပန်းတိုင် အရောက်လှမ်းနိုင်ရမယ်လို့

လျှောက်နေတဲ့လမ်း ရပ်တန့်လို့မရ

ရှေ့ကိုသာ ဦးတည်ကြစမ်းမယ် .....

(၁၈.၀၅.၂၀၂၀) ရန်ကုန်။




Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး