အပြုံး ...

ပြုံးပါ ပြုံးလိုက်စမ်းပါ

နှစ်နှစ်ခြိုက်ခြိုက်ပြုံးလို့

မင်း စိတ်တွင်းက အလင်းကို မြင်ရအောင် ..... 


ပြုံးပါ ပြုံးလိုက်စမ်းပါ

ပါးပါးလေးပဲ မင်းပြုံးတဲ့ခါ

မင်း ရင်တွင်းမှာ အလွှာတစ်လွှာ

ဖုံးထားတဲ့အကြောင်းလေး

ကိုယ် မြင်လို့ အဖြေရှာဖို့လိုပြီဆိုတာ သိရအောင် .....


ခမ်းနားတဲ့အပြုံး ပြုံးတတ်လာပြီဆိုရင်

လှောင်ပြုံး၊ မဲ့ပြုံး၊ မချိပြုံး တွေနဲ့ 

အမုန်းတရားတွေကို အောင်နိုင်လို့

ချစ်ခြင်းတရားက မင်းရဲ့အနားမှာ

ရှိနေတာသေချာပြီလေ .....

(၂၉.၀၅.၂၀၂၀)၊ ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...