အလင်းရောင်

ရုတ်တရက် တိတ်တိတ်ကလေးနဲ့ 

ဆွံ့အနှုတ်ဆိတ် ကျောခိုင်းလို့မသွား 

အသိတရားများ ပွားများလို့

ခြောက်ကပ်ကပ် ငါ့အခန်းငယ်ထဲ

ဘယ်မှာလဲ အလင်းရောင်

အို ..... ငံ့လင့်နေဆဲ .....


အမှောင်ချိန်တွေမှာ ငါ .....

အလင်းတို့ ဖွေရှာဆဲ

ငါ့ရဲ့စိတ်တို့ လေဟာနယ်မှာ မျောပါရင်း

အဝေးထိန်းခလုတ် တစ်ခု

ငါ...  ကောက်ရလို့

ဒီလောက်ဆို အဆင်ပြေပြီလေ..... 

(၂၆.၀၅.၂၀၂၀) ရန်ကုန်။ 


Comments