လီလီပန်းလေး

 လီလီရေ

ကိုယ့် အမြင်တော့

ပန်းတကာထဲမှာတော့

ကြွားကြွားလွင့်လွင့်

ခန့်ခန့်ထယ်ထယ် နဲ့

မင်းက အရောင်အသွေးစုံလှတယ် ....


စွမ်းအားရှိသလောက် 

ပွင့်လာတဲ့အခါလည်း

လှရက်နိုင်လွန်းတာ 

လူတွေရဲ့ စိတ်နှလုံး သိမ်းကြုံးယူငင်လို့

လှမြဲလှလျက် အလှမပျက်ရှာတယ်

တာဝန်လည်းကျေတယ် ….


လှရက်နိုင်တဲ့ လီလီရေ 

၁၂ ရာသီမှာ အမြဲပွင့်လန်းဖို့

တို့ မျှော်နေမယ်လို့ ....။ 


သက်တန့်လွှာ

(29.1.2024) YGN






Comments

Popular posts from this blog