နာကျင်စေဖို့ မရည်ရွယ်မှန်းသိပေမဲ့

အသည်းခိုက်ခဲ့တဲ့ နေ့တွေညတွေ .…


အဆင်မပြေမှုတွေကြားထဲမှာ

အဆင်ပြေသယောင် နေတတ်ခြင်းကလည်း

စိတ်အေးချမ်းရခြင်းတစ်မျိုးပဲ ....


မာနဆိုတဲ့ အလွှာပါးပါး ပိတ်ကာထားတော့

အမှားမြင်လို့ အမှန်ပြင်ဖို့ ခက်သေးတာအမှန် ….


ကိုယ်တိုင်သတိမထားမိတတ်တဲ့ အတ္တတွေဟာ

ဘက်လိုက်မှုကို ဖြစ်စေတာမျိုးပေါ့ ....


အခြေအနေမတူတဲ့ ဖြစ်ရပ်တွေမှာ 

ဗြဟ္မစိုရ်တရားဟာ ကွက်ကြားမိုးရွာလို့ ....။


TTH (27.1.2024)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....