Posts

Showing posts from March, 2020

မေတ္တာ သစ္စာ

Image
သံသရာအဆက်ဆက် တို့ရေစက်ရှိခဲ့ကြလို့ပဲ စိတ်တူကိုယ်တူ ဗွေမယူကြေး အတွေးတွေတောင် တူနေသေးလို့  ..... တစ်ယောက်အကျိုး တစ်ယောက်မျှော်ကာ ကောင်းခြင်းအဖြာဖြာသာ ရှိစေလိုရင်း အပြစ်ဟူသမျှ ငါတို့ မပြုကြ စိတ်အေးချမ်းသာ နှစ်နှစ်ကာကာရှိလှတဲ့ မေတ္တာမျိုးနဲ့ ဒီတိုင်းရှေ့ဆက်ကြမယ် ..... တစ်နေ့တစ်ရက် တစ်မနက်အတွက်မဟုတ် လွတ်လတ်သောစိတ်တစ်ခုနဲ့ သက်သေပြုစရာ နှစ်ဦးသားသစ္စာ အခိုင်အမာ ရှိမှာပါ  ...... TTH (30.3.2020)

အသိတရားတို့ နိုးကြားဖို့

Image
အတ္တတစ်ချို့က   ကိုယ့်လိပ်ပြာကတောင် လှောင်ရီချင်စရာရယ် ကိုယ့်ဖက်သာယက်တဲ့   လိပ်လိုပ ..... မရေရာ အတွေးများနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေအတွက် ငါတို့ ခရီးဆက်ကြ ..... ကမ္ဘာကြီးရဲ့   ဆာလောင်မွတ်သိပ်မှုကဘာလဲ ကပ်ဆေးတဲ့ထဲသာ   ကိုယ်ရောမပါရေး ဉာဏ်ကူပြီး   အလံဖြူမထူ ..... အရေးကြီးတာကတော့ ခင်ပွန်းကြီးဆယ်ပါး   ငါတို့မပြစ်မှား ညွှန်ကြားလိုက်နာ တို့တာဝန် သမိုင်းတရားခံ   ငါတို့အဖြစ်မခံ ..... အသိတရားတို့ နိုးကြားလို့  ကိုယ့်ပြည်ရွာကြီး သာယာပါစေ တို့ကမ္ဘာကြီး ကျန်းမာဖို့လိုပြီ။ TTH (27.3.2020)

သူ့အတွက်သာ

ဖြူစင်ခြင်းများလည်း ပွေ့ပိုက်လို့ လှမ်းခဲ့တဲ့ ခရီးရှည်တွေ ပြန်လည်တွေးရင်း မချိတင်ကဲ ရင်ထဲကရယ် သူ့အရိပ်ကလေးသာ ကိုယ် ဖြစ်ပါရစေ..... စိတ်အစဥ်မှာ မေတ္တာတေးတစ်ပုဒ် ကိုယ်ဆိုညည်းဖို့ စကားလုံးတွေဟာ သူ့အတွက်သာ ရှိစေပါ ..... ဝင်သက် ထွက်သက်တိုင်းမှာ သူ့ပုံရိပ်တို့ မြင်ယောင်တိုင်းလည်း မေတ္တာတရားတို့ သူ့ဆီမှာ.... ​ပင့်သက်ခြွေခိုက် အစိမ်းခြွေခြွေ ကိုယ်ကြွေမိလို့ တိတ်တိတ်လေးကောက်ယူ သိမ်းဆည်း ထားခဲ့ပြီမို့ ..... အလွမ်းတွေနဲ့ ယောင်ချာချာကျန်ရစ် ကိုယ့်အဖို့မှာ တတ်နိုင်တာဆိုလို့ သူ့အတွက်သာ ရည်စူး သာယာပါစေ ဆုပန်ခြွေဆဲ ..... ။ TTH (21.3.2020)

စစ်မှန်တဲ့လမ်းသို့ .....

Image
ကံကြမ္မာစက်ဝန်းက လည်နေတုန်း ရှေ့က ပြေးသူကပြေး နောက်ကလိုက်သူကလိုက် ..... ဒီပြိုင်ပွဲမှာ အရှုံးနဲ့အနိုင်က ဘယ်အရာအတွက် အာမခံချက် ရှိမှာမို့လဲ ..... ဘဝဆိုတာ နှစ်လုံးတည်းသော စကားလုံးရှိပေလို့ပဲ ..... အဓိပ္ပါယ်နက်နဲလို့ ဆန်းကြယ်မှုအဖုံဖုံနဲ့ ဇာတ်ခုံတစ်ခုပမာ ..... ရီရီမောမောလည်းရှိခဲ့ အံကြိတ်‌တောက်ခေါက် မချိသွားဖြဲရယ်နဲ့ ..... လောဘကို ရပ်လို့ ဒေါသကို သတ်ဖို့ တွေးရင်းတွေးရင်းသာ မောဟတွေများများလာသလိုလို ..... တစ်နေ့တော့လဲ ကိလေသာတွေကင်းရာ လွတ်ငြိမ်းရာသာ အမြန်ရောက်နိုးနဲ့ ..... ဖြတ်လမ်းမလိုက် စစ်မှန်တဲ့လမ်းသာ လျှောက်ဖို့ ရည်စူးလို့ ....။ TTH (19.3.2019)

ဖွင့်ထားမိတဲ့ တံခါးတစ်ချပ်

Image
ဉာဏ်ပညာနဲ့ တွက်ချက်လို့မရ နှိုင်းတုလို့မရ ဒါဟာ ချစ်ခြင်းတရားတဲ့ သူကဆိုတယ် ..... တစ်ယောက်လက်ကို တစ်ယောက်က  ဖမ်းဆုတ်လို့ မှားမှန်ခွဲခြား မတူညီခြင်းများ လက်ခံလို့ နားလည်မှုတွေက နေရာတစ်ကျ ..... ဝမ်းနည်းပက်လက်နဲ့ ငါ့ချစ်ခြင်းများက အတ္တများနဲ့ အစွန်းမရောက်လို ..... အမှီပြုစရာ တစ်နေရာစာချန်လို့ ဖွင့်ထားမိတဲ့ တံခါးတစ်ချပ်။ TTH (16.3.2020)

ကမ္ဘာကြီးကျန်းမာပါစေ

Image
ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ အကွက်တွေနဲ့ နိစ္စဓူဝ ဖြတ်သန်းမှုတို့မှာ ရင့်ကျက်ခြင်းတို့နှင့် ဖြည့်ဆည်းလို့ အို ကမ္ဘာကြီး ကျန်းမာပါစေ ..... ကမ္ဘာကြီး ကျန်းမာပါစေ  မကောင်းမှုနဲ့ကောင်းမှုတို့ အတွက် အပြစ်ကြွေးများလည်း ပေးဆပ်လို့ အာရုဏ်လင်းလက် နေ့သစ်လာချိန် အန္တရာယ်ကင်းပါစေ ဆုတောင်းမေတ္တာဝေ ..... အမှောင်ဆည်းဆာမှာ  တစ်နေ့တာ အဆုံးသတ်လို့ ပြုခံသမျှကံကို ပြန်လှန်သုံးသပ် နေ့သစ်အတွက် အားတွေမွေးလို့ရယ် လျှောက်စမ်းမယ် အားမလျှော့စတမ်းကွယ် ....။ TTH (14.3.2020)

အဝေးကခေါ်သံ

Image
ပစ်ချခဲ့မလား ဝန်ပိုတွေကို မွေးရအုံးမဲ့ သတ္တိတွေ အို .... အသံတွေစုံလို့ သွားနေတဲ့လမ်း အို ... မှန်ရဲ့လား ။ အေးစက်စက် ကော်ဖီတစ်ခွက်က ရသာချိုခါး ဘယ်လိုများ သိလိမ့်မလဲ ကြိမ်ဖန်များစွာ ဖြတ်တောက်ခဲ့ပေမဲ့ နောက်ဆုံး လက်ကျန်လေးနဲ့ အလွမ်းရက်ဆက် အို ... မီးတွေ ။ ဝဋ်ရှိသလောက်လည်း ကြေပါစေတော့ တောင်းဆုမခြွေ ညတွေကရှည်လို့ လာနေပြီ အဝေးက ခေါ်သံလေလား ....။ TTH (13.3.2020)

ဝမ်းစာ

Image
ကလေးရေ မင်း လူဖြစ်တဲ့အရပ်မှာ ဝမ်းစာရှာလို့ ရိုးသားပြီး ကြိုးစားဖို့ အနေနိမ့်ပေမဲ့ မျှော်လင့်ချက်နဲ့ နေ့စဉ်အသက်ဆက် အောင်မြင်မဲ့ တစ်နေ့အတွက် .......  TTH (3.8.2020)

ပိတ်ခဲ့တဲ့တံခါး

Image
နွေဦးရဲ့အငွေ့အသက်တို့နဲ့ စိတ်ကသယ်ဆောင်ရာ ဟို အဝေးဆီ ..... နက်နက်ရှိုင်းရှိုင်း တွေးတော့ ရင်ကို ထိခတ်စေတဲ့စကား ပြောခဲ့သလား တွေးယူ ..... ပြင်သင့်တာတွေလည်း ပြင်လို့ ဟိုတစ်ချိန်က ရခဲလေစွ လူ့ဘဝမှာ ..... အခွင့်မတူ ကိုယ်မယူပါဘူးလို့ ပေးစရာသာရှာလို့ စွမ်းသလောက်တော့ ကြိုးစားခဲ့တာပါပဲ ..... အခြေအနေမှန်ကိုသုံးသပ် ထောက်ကူစရာ ထောက်တစ်ခုပမာ မစွမ်းသာတဲ့တစ်နေ့ မှာ ဖွင့်ထားတဲ့တံခါးလေး ပြန်ပိတ်ခဲ့တာ ဆယ်စုနှစ်မကကျော်လို့ ..... TTH (3.6.2020)
မင်းလာမဲ့လမ်း မျှော်ကြည့်မိတယ် မှိန်ပြပြအလင်းထဲ အစက်အပျောက်လေးသာသာ နီးလာလိုက် ဝေးသွားလိုက်နဲ့ ဘယ်လိုများလဲကွယ် .....

အထီးကျန်ခြင်းရဲ့ သီချင်းတစ်ပုဒ်

Image
မတွေဝေပါနဲ့ မင်းဆက်လျှောက်ဖို့  တံတားတစ်စင်းလို  ကြောခင်းထားလို့ ..... မင်းပျော်မယ်ဆို ငါကျေနပ်နေတယ် ငါကျေနပ်နေမယ် ..... မျက်ရည်တွေ မင်းကြောင့်ပဲစိုစို  စိုပါစေ  ကျေးဇူးပြုပြီး  လှည့်ပြန်ပါ ..... အတိတ်ကအရာ အတိတ်မှာပဲထားလို့ နွေမိုးဆောင်းလည်း သူ့တိုင်း ပြောင်းနေတာပဲမို့ ရူးသွပ်ခြင်းကလည်း  ရာသီအလိုက် ပြောင်းစေလို ..... အထီးကျန်ခြင်းရဲ့ သီချင်းတစ်ပုဒ် နှလုံးသွေးများနဲ့ ငါလေရေးဖွဲ့လို့ ငါ့စိတ်နဲ့ငါ ရူးသွပ်မိနေတာ ..... အိပ်မက်ထဲထိ  မင်းရောက်လာမြဲမို့ မေ့ပစ်ဖို့ ငါလေကြိုးစား ကြိုးစားဆဲ ...... TTH (1.3.2020)