စစ်မှန်တဲ့လမ်းသို့ .....

ကံကြမ္မာစက်ဝန်းက လည်နေတုန်း

ရှေ့က ပြေးသူကပြေး

နောက်ကလိုက်သူကလိုက် .....


ဒီပြိုင်ပွဲမှာ အရှုံးနဲ့အနိုင်က

ဘယ်အရာအတွက်

အာမခံချက် ရှိမှာမို့လဲ .....



ဘဝဆိုတာ နှစ်လုံးတည်းသော

စကားလုံးရှိပေလို့ပဲ .....


အဓိပ္ပါယ်နက်နဲလို့

ဆန်းကြယ်မှုအဖုံဖုံနဲ့

ဇာတ်ခုံတစ်ခုပမာ .....


ရီရီမောမောလည်းရှိခဲ့

အံကြိတ်‌တောက်ခေါက်

မချိသွားဖြဲရယ်နဲ့ .....



လောဘကို ရပ်လို့

ဒေါသကို သတ်ဖို့

တွေးရင်းတွေးရင်းသာ

မောဟတွေများများလာသလိုလို .....



တစ်နေ့တော့လဲ

ကိလေသာတွေကင်းရာ

လွတ်ငြိမ်းရာသာ

အမြန်ရောက်နိုးနဲ့ .....



ဖြတ်လမ်းမလိုက်

စစ်မှန်တဲ့လမ်းသာ

လျှောက်ဖို့ ရည်စူးလို့ ....။


TTH (19.3.2019)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...