အထီးကျန်ခြင်းရဲ့ သီချင်းတစ်ပုဒ်

မတွေဝေပါနဲ့

မင်းဆက်လျှောက်ဖို့ 

တံတားတစ်စင်းလို 

ကြောခင်းထားလို့ .....



မင်းပျော်မယ်ဆို

ငါကျေနပ်နေတယ်

ငါကျေနပ်နေမယ် .....


မျက်ရည်တွေ

မင်းကြောင့်ပဲစိုစို စိုပါစေ 

ကျေးဇူးပြုပြီး လှည့်ပြန်ပါ .....


အတိတ်ကအရာ

အတိတ်မှာပဲထားလို့


နွေမိုးဆောင်းလည်း

သူ့တိုင်း ပြောင်းနေတာပဲမို့

ရူးသွပ်ခြင်းကလည်း 

ရာသီအလိုက် ပြောင်းစေလို .....


အထီးကျန်ခြင်းရဲ့ သီချင်းတစ်ပုဒ်

နှလုံးသွေးများနဲ့ ငါလေရေးဖွဲ့လို့

ငါ့စိတ်နဲ့ငါ ရူးသွပ်မိနေတာ .....


အိပ်မက်ထဲထိ 

မင်းရောက်လာမြဲမို့

မေ့ပစ်ဖို့ ငါလေကြိုးစား

ကြိုးစားဆဲ ......


TTH (1.3.2020)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...