ပိတ်ခဲ့တဲ့တံခါး

နွေဦးရဲ့အငွေ့အသက်တို့နဲ့

စိတ်ကသယ်ဆောင်ရာ

ဟို အဝေးဆီ .....


နက်နက်ရှိုင်းရှိုင်း တွေးတော့

ရင်ကို ထိခတ်စေတဲ့စကား


ပြောခဲ့သလား တွေးယူ .....


ပြင်သင့်တာတွေလည်း ပြင်လို့

ဟိုတစ်ချိန်က ရခဲလေစွ

လူ့ဘဝမှာ .....


အခွင့်မတူ ကိုယ်မယူပါဘူးလို့

ပေးစရာသာရှာလို့ စွမ်းသလောက်တော့

ကြိုးစားခဲ့တာပါပဲ .....


အခြေအနေမှန်ကိုသုံးသပ်

ထောက်ကူစရာ ထောက်တစ်ခုပမာ

မစွမ်းသာတဲ့တစ်နေ့ မှာ

ဖွင့်ထားတဲ့တံခါးလေး ပြန်ပိတ်ခဲ့တာ

ဆယ်စုနှစ်မကကျော်လို့ .....

TTH (3.6.2020)



Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........