အသိတရားတို့ နိုးကြားဖို့

အတ္တတစ်ချို့က 
ကိုယ့်လိပ်ပြာကတောင်
လှောင်ရီချင်စရာရယ်
ကိုယ့်ဖက်သာယက်တဲ့ လိပ်လိုပ .....
မရေရာ အတွေးများနဲ့
မသေချာတဲ့ မျှော်လင့်ချက်တွေအတွက်
ငါတို့ ခရီးဆက်ကြ .....

ကမ္ဘာကြီးရဲ့ ဆာလောင်မွတ်သိပ်မှုကဘာလဲ
ကပ်ဆေးတဲ့ထဲသာ ကိုယ်ရောမပါရေး
ဉာဏ်ကူပြီး အလံဖြူမထူ .....

အရေးကြီးတာကတော့
ခင်ပွန်းကြီးဆယ်ပါး ငါတို့မပြစ်မှား
ညွှန်ကြားလိုက်နာ တို့တာဝန်
သမိုင်းတရားခံ ငါတို့အဖြစ်မခံ .....

အသိတရားတို့ နိုးကြားလို့ 
ကိုယ့်ပြည်ရွာကြီး သာယာပါစေ
တို့ကမ္ဘာကြီး ကျန်းမာဖို့လိုပြီ။

TTH (27.3.2020)




Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...