အဝေးကခေါ်သံ

ပစ်ချခဲ့မလား ဝန်ပိုတွေကို

မွေးရအုံးမဲ့ သတ္တိတွေ

အို .... အသံတွေစုံလို့

သွားနေတဲ့လမ်း

အို ... မှန်ရဲ့လား ။



အေးစက်စက် ကော်ဖီတစ်ခွက်က

ရသာချိုခါး ဘယ်လိုများ သိလိမ့်မလဲ

ကြိမ်ဖန်များစွာ ဖြတ်တောက်ခဲ့ပေမဲ့

နောက်ဆုံး လက်ကျန်လေးနဲ့
အလွမ်းရက်ဆက်

အို ... မီးတွေ ။



ဝဋ်ရှိသလောက်လည်း ကြေပါစေတော့

တောင်းဆုမခြွေ ညတွေကရှည်လို့

လာနေပြီ အဝေးက ခေါ်သံလေလား ....။

TTH (13.3.2020)



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...