မေတ္တာ သစ္စာ

သံသရာအဆက်ဆက် တို့ရေစက်ရှိခဲ့ကြလို့ပဲ

စိတ်တူကိုယ်တူ ဗွေမယူကြေး

အတွေးတွေတောင် တူနေသေးလို့  .....


တစ်ယောက်အကျိုး တစ်ယောက်မျှော်ကာ

ကောင်းခြင်းအဖြာဖြာသာ ရှိစေလိုရင်း

အပြစ်ဟူသမျှ ငါတို့ မပြုကြ

စိတ်အေးချမ်းသာ နှစ်နှစ်ကာကာရှိလှတဲ့

မေတ္တာမျိုးနဲ့ ဒီတိုင်းရှေ့ဆက်ကြမယ် .....


တစ်နေ့တစ်ရက် တစ်မနက်အတွက်မဟုတ်

လွတ်လတ်သောစိတ်တစ်ခုနဲ့

သက်သေပြုစရာ နှစ်ဦးသားသစ္စာ

အခိုင်အမာ ရှိမှာပါ  ......

TTH (30.3.2020)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...