ဖွင့်ထားမိတဲ့ တံခါးတစ်ချပ်

ဉာဏ်ပညာနဲ့ တွက်ချက်လို့မရ

နှိုင်းတုလို့မရ

ဒါဟာ ချစ်ခြင်းတရားတဲ့

သူကဆိုတယ် .....


တစ်ယောက်လက်ကို တစ်ယောက်က 

ဖမ်းဆုတ်လို့

မှားမှန်ခွဲခြား မတူညီခြင်းများ လက်ခံလို့

နားလည်မှုတွေက နေရာတစ်ကျ .....


ဝမ်းနည်းပက်လက်နဲ့ ငါ့ချစ်ခြင်းများက

အတ္တများနဲ့ အစွန်းမရောက်လို .....


အမှီပြုစရာ တစ်နေရာစာချန်လို့

ဖွင့်ထားမိတဲ့ တံခါးတစ်ချပ်။

TTH (16.3.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...