ကမ္ဘာကြီးကျန်းမာပါစေ

ကမ္ဘာမီးလောင်

သားကောင်ချနင်းတဲ့ အကွက်တွေနဲ့

နိစ္စဓူဝ ဖြတ်သန်းမှုတို့မှာ

ရင့်ကျက်ခြင်းတို့နှင့် ဖြည့်ဆည်းလို့

အို ကမ္ဘာကြီး ကျန်းမာပါစေ .....



ကမ္ဘာကြီး ကျန်းမာပါစေ 

မကောင်းမှုနဲ့ကောင်းမှုတို့ အတွက်

အပြစ်ကြွေးများလည်း ပေးဆပ်လို့

အာရုဏ်လင်းလက် နေ့သစ်လာချိန်

အန္တရာယ်ကင်းပါစေ ဆုတောင်းမေတ္တာဝေ .....



အမှောင်ဆည်းဆာမှာ 

တစ်နေ့တာ အဆုံးသတ်လို့

ပြုခံသမျှကံကို ပြန်လှန်သုံးသပ်

နေ့သစ်အတွက် အားတွေမွေးလို့ရယ်

လျှောက်စမ်းမယ် အားမလျှော့စတမ်းကွယ် ....။


TTH (14.3.2020)



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...