Posts

Showing posts from June, 2019

မေတ္တာလိုသူ ဖေးမကူ

Image
နေ့ရှိသမျှ လူသားဘဝတွေ ရုန်းကန်ရင်းနဲ့ ......... တစ်ချို့တွေဘဝက လှပ လို့ တစ်ချို့တွေက ဒုက္ခနဲ့လက်တွဲ တစ်ချို့ တစ်ချို့ က မယောင်ရာဆီလူး ခုတ်ရာတနေရာ ရှရာတလွဲ မြင်ရကြုံရ ခဏခဏ ........ မွေးဖွားလာပုံချင်းက မတူလေတော့ အခြအနေမတူ အမြင်မတူ အတွေးမတူတာက လောက အမှန်တရားတစ်ခုဆိုတော့ သြော်.....ကြည့်ကြည့်သမျှ မေတ္တာတရားက နေရာအထားမှား ဂရုဏာတရားက တလွဲဆံပင်ကောင်းလို့ မြင်နေရတာ ရေလိုက်လွဲနေကြတာလား .......... လူသားနဲ့ဘဝ စာနာမှုက အခြေခံကျသမို့ တစ်ဘဝ တစ်ခဏ ရောက်လို့လာခိုက် ဖေးမလို့တွဲကာ နိုင်သူကူလို့ ပြေလည်မှုကို ရှာဖွေကြစို့........... အို............ မတွေးချင်ဘူးဆိုပေမဲ့ အသိစိတ်က နေမရ ငါ .... အနေအစားချောင်ပေမဲ့ အားနည်းသူကို ဖေးမလို့ကူချင် ဂရုဏာတရား ထုတ်ကာမကြွားလို မေတ္တာလိုသူ မေတ္တာရဖို့အဓိကမို့ ရပ်တန့်မနေ ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားဖို့ ငါ အားတင်းယင်း အနာနဲ့ဆေး တည့်အောင် လုပ်ဆောင်ကြမယ်လို့သာ..........   (16.6.2019) 6:50 PM Photo Credit - Google Image

ပန်းခရေ

Image
အနိမ့်စံတော့ကော ဘာဖြစ်သလဲ သူ့မှာ သူ့ဂုဏ် သူ့ရနံ့ အစဥ် မွှေးပျံ့တာပဲ မဟုတ်လား.......... ပန်ချင်သူ ချူစရာမလို မြေခ ကြွေကျ သူ့သဘာဝပဲ ......... မပန်ချင်သူမှာ မထောက်မညှာ နင်းကျော် လျှောက်ကာသွားပေမဲ့...... ခရေချစ်သူမှာတော့ တပွင့်ကြွေ တစ်ပွင့်ကောက် မွှေးရနံ့ကြိုင်လန်း ဒီပန်းကိုပဲ ပန်ချင်စရာ သီကုံးဖို့ ပန်းကြွေသောလမ်းမှာ သူရောက်လာမြဲ ............... TTH (15.6.2019) (15.6.2019) 8:15 AM Photo Credit - Google Image

ကြိုးစားရုန်းကန် ဘဝမှန်

Image
ငါတို့ရုန်းရမယ် နက်ချင်သလောက် နက်လိုက်စမ်းပါ ကြုံလာသမျှတွေကို ရင်ဆိုင်မယ် အားကုန်ရယ်ထုတ်လို့........ ကံကြမ္မာ ရဟတ်က သူ့အလိုကျ လည်ပတ်လို့ အနိမ့်အမြင့်ရယ် မတူ တစ်နေ့တော့ရယ် အမြင့်သို့ရောက်မယ်ဟဲ့ အားမလျှော့စတမ်းကွဲ့ ........... ကြိုးစားကြမယ် ညီ/ညီမငယ်တို့ နောင်တစ်ချိန် ဒီလိုရယ်ဘဝတွေနဲ့ ဝေး ဝေးနိုင်သမျှ ပြေးပြေးကြမယ် ...... ခုချိန်ကစ ............ ပြင်ရမယ် ဒီအမူအကျင့်ကိုပ မကောင်းတာ တို့မယူပါဘူးရယ်လို့ အကောင်းကိုသာ မျှော်တွေးလို့ ကောင်းကျိုးလိုရာ ပြုကြမယ်ကွဲ့........ မက်ကြစို့ မျှော်လင့်ချက်အိပ်မက်တွေ တစ်နေ့တော့ရယ်  တို့တွေ အိပ်မက်က တကယ်ဖြစ်လာမှာမို့ အတိတ်သမိုင်းလည်း မရိုင်းရအောင် ဆင်ခြင်ပါမှ အနာဂတ်က လှ လိမ့်မယ်  ....... (11.6.2019) 10:15 PM

မျှော် ***

Image
လွဲလွဲလေးနဲ့ ပဲ စခဲ့လို့များလား တစ်ဘဝ တစ်ခဏမှာတောင် ချစ်ခြင်းမေတ္တာများက ဟိုလိုလို ဒီလိုလိုနဲ့ ငါ့ဘဝဆီဝင်လာတာ ခရီးသွားဟန်လွဲလိုပဲ ခဏတဖြုတ်လေးပဲထင်ရဲ့ ....... တကယ်ပါ ဒီဘဝဒီမျှနဲ့ ကျေစရာရှိလည်း ကျေပါစေတော့ရယ်လို့ တောင်းဆုချွေမိပြန်တယ် ....... ဒီလိုနဲ့ပဲ အလွမ်းတွေနဲ့ မိတ်သဟာရဖွဲ့ လွမ်းသူ့ရင်မှာ လွမ်းမိုးတွေရွာချလို့ လွမ်းရတိုင်း ကိုယ့်မှာ အလွမ်းသီချင်းတွေ ဆို ညည်း မခိုင်မာတဲ့ သဘောဆောင် ကျမျက်ရည် စိုကာရွှဲလို့ ငိုမိပြန်တယ် ........ အဖြည့်ခံ လိုပဲ ဖြစ်ဖြစ် အစားထိုးစရာ ဒီလူသားမှာလည်း လူမသိ သူမသိ မမြင်အောင် ဖုံးကွယ်ထားတဲ့ နှလုံးသားတစ်စုံက ဂျောင်ထိုးထားရတဲ့အဖြစ်......... မျှော်နေရင်း လင့်တတ်တာ သိနှင့်နေလည်း မျှော်နိုင်သမျှတော့ မျှော်မိတုန်း ......... (9.6.2019) 10 : 40 PM

ပြင်ဆင်ထားပါ တုံးလုံးစာ

Image
အတိတ်ကံ ရယ် မတူတော့ လာခဲ့တဲ့လမ်းတွေလည်းမတူ တစ်ချို့က တစ်နေ့တခြား ကြီးပွား တစ်ချို့က တစ်နေ့တခြား ငြီးတွား ........... အထည်ကြီးပျက် တဲ့ အထုတ်အထည်ပျက် ပျက်လိုက်သမှ စည်းစိမ်တွေ တဖြုတ်ဖြုတ် တဖြည်းဖြည်းချင်းမဟုတ် နေ့ချင်းညချင်း အခြေအနေက အနှုတ်လက္ခဏာပြ ဘာမှ မဖြစ်နဲ့ ဒါတွေက တစ်ခဏ....... တစ်ချို့က ဆင်ပိန်တော့ကျွဲ ဒီထက်ပိန်တော့လည်း ဘာဖြစ်အုံးမလဲ တကယ်တော့ လာရာလမ်းမတူပေမဲ့ သွားမဲ့လမ်းက တစ်ခုတည်းရယ် သေလွန်ပြီးနောက် ယူသွားစရာ ဘာမှမပါ ပါဘူး........ ဒါပေမဲ့ သေရာပါမဲ့ အရာတွေကတော့ ပြင်ဆင်ထားရမပေါ့ မတ်တပ်စာကို မတွယ်တာ တုံးလုံးစာတော့ ပြင်ဆင်ထားဖို့ အသိသတိရှိရှိနဲ့ ဆင်ခြင်ပါမှ သွားမဲ့လမ်းက ဖြောင့်လိမ့်မှာ.......... (6.6.2019) 11 : 10 PM

အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်

Image
အိပ်မက်တွေကို ငါလိုက်ဖမ်းမယ် အဲ့ဒီ အိပ်မက်တွေထဲမှာ ပြန်မရတော့တဲ့ အတိတ်အကြောင်းတွေရှိတယ် လာလတ္တံသော အနာဂတ်နေ့တွေအတွက် ....... မဖြစ်သေးတဲ့ အကြောင်းတွေ ကြိုတင် နိမိတ်ဖတ် တဖြတ်ဖြတ်နဲ့ ဝေဝါးထွေပြား မရေရာမှုတွေနဲ့အိပ်ပျက် တစ်ခါတစ်ခါ အတိတ်နဲ့အနာဂါတ်က လုံးလားထွေးလား ဖြစ်တဲ့ခါများလည်းရှိရဲ့........ အိပ်ခြင်း နဲ့ နိုးခြင်းရဲ့ကြား သူ ဝင်ဝင်လာ နှောက်ယှက် ဂယောက်ဂယက်နဲ့ မျှော်လင့်ချက်တွေက ဝေးဝေး ကမ်းမြင်လမ်းမမြင် ..... အမှောင်နဲ့အလင်း တစ်လှည့်စီ ဝင်္ကဘာလို ရှုတ်ထွေး သွားရင်းနဲ့ လမ်းပျောက် ကူရာကယ်ရာ မဲ့တဲ့အခါ ကောက်ရိုး တစ်မျှင်က တွယ်မိတွယ်ရာ တစ်ခုသာပေါ့ .......... တစ်ခါတစ်ရံတော့လည်း နေခြည်ဦးမှာ လေပြေလာလို့ သာသာယာယာ ရှိပြန်သလို လသာသာမှာ တိမ်သားကင်းစင် အာကာတခွင် ကြယ်စင်ကြယ်ရောင် အလင်းဆောင်လို့ နှလုံးကြည်အေး ရှိလှပြန်ပေါ့ ....... ဘယ်လိုပင်ဖြစ်စေ အိပ်မက်က တကယ်မဟုတ်ဘူးဆိုတာ သိချိန်အခိုက် ကြိုးစားရုန်းထွက် အပြင်ဘက်သို့ .......... (6.6.2019) 9 : 50 PM

လွမ်း ******

Image
ရာသီရယ် ချိန်ခါမရွေး ‌နွေနွေ မိုးမိုး ဆောင်းဆောင်း ဥတုအလီလီ ပြောင်းသော်ညားလည်း လွမ်းစရာရှိတော့ လွမ်းရတာပဲလေ ............ အနုအရွ သီဖွဲ့လှပ တွေ့ပြန်တော့လည်း အလွမ်းဝေဒနာ တိုးလို့ကာသာ .......... အလွမ်းပိုကဲ လွမ်းမိဆဲမှာ ညိုမှောင်အုံ့ဆိုင်း ရှစ်ခွင်တိုင်း၌ ပြိုကာရွာမည့် မိုးပမာကြောင့် တိုးလို့ပိုကာ လွမ်းပြန်တာ ...... မိုးတစွေစွေ ညိုးမပြေမို့ ရင်ခွင်ဗလာမှာ နေရာယူကာ တိုးတိတ်တမ်းတ ဒီစိတ်ကပေါ့ .......... တစ်နေ့တစ်ကမ္ဘာစီ ကွာပေမဲ့ နီးခြင်းဝေးခြင်းက ပဓာနမဟုတ် ဝေးနေလည်း နီးနေသလိုပဲမို့ လွမ်းနေရတာနဲ့ကို ကိုယ့်အတွက် အဓိပ္ပါယ် မမဲ့စေဘူးရယ်လို့ လက်ခံထားမိသည်ပဲ ............ (5.6.2019) YGN

အတ္တများ

Image
တစ်ချို့က  အတ္တကို ရှေ့တန်းတင်ရွှေချလို့ ကိုယ့်စိတ် ကိုယ်ညာပြီး အပြစ်တွေ လုပ်မိလုပ်ရာ ........ လောကကြိုးဝိုင်းထဲ ဦးနှောက်ဉာဏ်နဲ့ ကစားပွဲမှာ သူ့ရှိန်သူ့ဝါ အသုံးချကာ တက်လှမ်းဖို့ကြိုးစား............ ကွာမှာပဲလေ တစ်ဦးနဲ့တစ်ဦး စူးနစ်မှုက မတူလေတော့ ကွာခြားမှု ကုဋေကုဍာ ဆီနဲ့ရေပမာ နှိုင်းယှဥ်လို့မရတာ ငယ်စဥ်ခါက ကြားဖူးနားဝ အင်္ဂါမှာမနေ စနေထိတက်ဖို့ မကြိုးစားချင်ပါနဲ့လို့သာ ပြောလိုက်ချင် ........... နှုတ်မရတဲ့ ဆူးတစ်ချောင်းပမာ ဟိုးအတွင်းထဲထိ လှိုက်စားလို့ နက်နက်ရှိုင်းရှိုင်း ဝေဒနာခံစား ကုသဖို့ဆေးက အပ်နဲ့မထွင်း ပုဆိန်နဲ့မှ ရလိမ့်မယ်ထင်........ မည်သို့ပင်ဆိုစေ ပညာရှိသတိဖြစ်ခဲ ငါလည်းလေ လောကီသားမို့ အနာသိတော့ ဆေးရှိ နောက်ဆုံးမတော့ ကြုံလာသမျှဘုံဘဝမှာ ပြုသူအသစ် ဖြစ်သူအဟောင်း ကြွေးဟောင်း ကြေပြီလို့သာ.......... (3.6.2019) YGN

ဝေဒနာအဖြေရှာ

Image
အိပ်မက်တွေကို ခွဲခြမ်းစိတ်ဖြာ ခဏခဏမက်ဖူးတဲ့ အိမ်မက် မပီပြင်ဝိုးတဝါးနဲ့ အိပ်မက်က တစ်နေ့တာ အိပ်စက်ခြင်းကို လာလာနှောင့်ယှက်တော့ အိပ်မက်တွေကို မုန်းချင်ပြီ .......... မွန်းကြပ် လှောင်ပိတ်တဲ့ ဒီစိတ်ကို ဖြေဖြောက်ဖို့ရာ နံပါတ်စဥ်တွေ တစ်ခုပြီးတစ်ခုတပ်လို့ ကုစားဖို့ ကိုယ်ကြိုးစားပေမဲ့ အနာနဲ့ဆေး ခပ်ဝေးဝေးမို့ထင်ရဲ့ ...... အဖြေမှန် မရောက်တော့ ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံးနေရတာ နာတာရှည်လိုပဲ မောလှပေါ့ ........ ဒီလိုနဲ့ပဲ တစ်ရံတစ်ခါတော့ အားကြီးတဲ့ စိတ်ရဲ့လှည့်စားချက်ကို စေညွှန်ရာ လိုက်ပါ‌မြောလို့ ဒီတောင်ကို ဖြိုနိုင်ဖို့ရာ အားတင်းရတာလည်း အကြိမ်ကြိမ်ပေါ့........... 2.6.2019 (11:00 PM) SUN