မျှော် ***

လွဲလွဲလေးနဲ့ ပဲ စခဲ့လို့များလား
တစ်ဘဝ တစ်ခဏမှာတောင်
ချစ်ခြင်းမေတ္တာများက
ဟိုလိုလို ဒီလိုလိုနဲ့
ငါ့ဘဝဆီဝင်လာတာ
ခရီးသွားဟန်လွဲလိုပဲ
ခဏတဖြုတ်လေးပဲထင်ရဲ့ .......

တကယ်ပါ
ဒီဘဝဒီမျှနဲ့ ကျေစရာရှိလည်း
ကျေပါစေတော့ရယ်လို့
တောင်းဆုချွေမိပြန်တယ် .......

ဒီလိုနဲ့ပဲ အလွမ်းတွေနဲ့
မိတ်သဟာရဖွဲ့
လွမ်းသူ့ရင်မှာ လွမ်းမိုးတွေရွာချလို့
လွမ်းရတိုင်း ကိုယ့်မှာ
အလွမ်းသီချင်းတွေ ဆို ညည်း
မခိုင်မာတဲ့ သဘောဆောင်
ကျမျက်ရည် စိုကာရွှဲလို့
ငိုမိပြန်တယ် ........

အဖြည့်ခံလိုပဲ ဖြစ်ဖြစ်
အစားထိုးစရာ ဒီလူသားမှာလည်း
လူမသိ သူမသိ မမြင်အောင်
ဖုံးကွယ်ထားတဲ့ နှလုံးသားတစ်စုံက
ဂျောင်ထိုးထားရတဲ့အဖြစ်.........

မျှော်နေရင်း လင့်တတ်တာ
သိနှင့်နေလည်း

မျှော်နိုင်သမျှတော့ မျှော်မိတုန်း .........



(9.6.2019) 10 : 40 PM

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....