အတ္တများ

တစ်ချို့က အတ္တကို ရှေ့တန်းတင်ရွှေချလို့
ကိုယ့်စိတ် ကိုယ်ညာပြီး
အပြစ်တွေ လုပ်မိလုပ်ရာ ........

လောကကြိုးဝိုင်းထဲ
ဦးနှောက်ဉာဏ်နဲ့ ကစားပွဲမှာ
သူ့ရှိန်သူ့ဝါ အသုံးချကာ
တက်လှမ်းဖို့ကြိုးစား............

ကွာမှာပဲလေ
တစ်ဦးနဲ့တစ်ဦး စူးနစ်မှုက
မတူလေတော့ ကွာခြားမှု
ကုဋေကုဍာ ဆီနဲ့ရေပမာ
နှိုင်းယှဥ်လို့မရတာ
ငယ်စဥ်ခါက ကြားဖူးနားဝ
အင်္ဂါမှာမနေ စနေထိတက်ဖို့
မကြိုးစားချင်ပါနဲ့လို့သာ
ပြောလိုက်ချင် ...........

နှုတ်မရတဲ့ ဆူးတစ်ချောင်းပမာ
ဟိုးအတွင်းထဲထိ လှိုက်စားလို့
နက်နက်ရှိုင်းရှိုင်း ဝေဒနာခံစား
ကုသဖို့ဆေးက အပ်နဲ့မထွင်း
ပုဆိန်နဲ့မှ ရလိမ့်မယ်ထင်........

မည်သို့ပင်ဆိုစေ ပညာရှိသတိဖြစ်ခဲ
ငါလည်းလေ လောကီသားမို့
အနာသိတော့ ဆေးရှိ
နောက်ဆုံးမတော့ ကြုံလာသမျှဘုံဘဝမှာ
ပြုသူအသစ် ဖြစ်သူအဟောင်း

ကြွေးဟောင်း ကြေပြီလို့သာ..........


(3.6.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....