လွမ်း ******

ရာသီရယ် ချိန်ခါမရွေး
‌နွေနွေ မိုးမိုး ဆောင်းဆောင်း
ဥတုအလီလီ ပြောင်းသော်ညားလည်း
လွမ်းစရာရှိတော့ လွမ်းရတာပဲလေ ............

အနုအရွ သီဖွဲ့လှပ တွေ့ပြန်တော့လည်း
အလွမ်းဝေဒနာ တိုးလို့ကာသာ ..........

အလွမ်းပိုကဲ လွမ်းမိဆဲမှာ
ညိုမှောင်အုံ့ဆိုင်း ရှစ်ခွင်တိုင်း၌
ပြိုကာရွာမည့် မိုးပမာကြောင့်
တိုးလို့ပိုကာ လွမ်းပြန်တာ ......

မိုးတစွေစွေ ညိုးမပြေမို့
ရင်ခွင်ဗလာမှာ နေရာယူကာ
တိုးတိတ်တမ်းတ ဒီစိတ်ကပေါ့ ..........

တစ်နေ့တစ်ကမ္ဘာစီ ကွာပေမဲ့
နီးခြင်းဝေးခြင်းက ပဓာနမဟုတ်
ဝေးနေလည်း နီးနေသလိုပဲမို့
လွမ်းနေရတာနဲ့ကို ကိုယ့်အတွက်
အဓိပ္ပါယ် မမဲ့စေဘူးရယ်လို့

လက်ခံထားမိသည်ပဲ ............



(5.6.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....