အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်

အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်
အဲ့ဒီ အိပ်မက်တွေထဲမှာ
ပြန်မရတော့တဲ့ အတိတ်အကြောင်းတွေရှိတယ်
လာလတ္တံသော အနာဂတ်နေ့တွေအတွက် .......

မဖြစ်သေးတဲ့ အကြောင်းတွေ
ကြိုတင် နိမိတ်ဖတ် တဖြတ်ဖြတ်နဲ့
ဝေဝါးထွေပြား မရေရာမှုတွေနဲ့အိပ်ပျက်
တစ်ခါတစ်ခါ အတိတ်နဲ့အနာဂါတ်က
လုံးလားထွေးလား ဖြစ်တဲ့ခါများလည်းရှိရဲ့........

အိပ်ခြင်း နဲ့ နိုးခြင်းရဲ့ကြား
သူ ဝင်ဝင်လာ နှောက်ယှက်
ဂယောက်ဂယက်နဲ့
မျှော်လင့်ချက်တွေက ဝေးဝေး
ကမ်းမြင်လမ်းမမြင် .....

အမှောင်နဲ့အလင်း တစ်လှည့်စီ
ဝင်္ကဘာလို ရှုတ်ထွေး
သွားရင်းနဲ့ လမ်းပျောက်
ကူရာကယ်ရာ မဲ့တဲ့အခါ
ကောက်ရိုး တစ်မျှင်က
တွယ်မိတွယ်ရာ တစ်ခုသာပေါ့ ..........

တစ်ခါတစ်ရံတော့လည်း
နေခြည်ဦးမှာ လေပြေလာလို့
သာသာယာယာ ရှိပြန်သလို
လသာသာမှာ တိမ်သားကင်းစင်
အာကာတခွင် ကြယ်စင်ကြယ်ရောင်
အလင်းဆောင်လို့ နှလုံးကြည်အေး
ရှိလှပြန်ပေါ့ .......

ဘယ်လိုပင်ဖြစ်စေ
အိပ်မက်က တကယ်မဟုတ်ဘူးဆိုတာ
သိချိန်အခိုက် ကြိုးစားရုန်းထွက်

အပြင်ဘက်သို့ ..........



(6.6.2019) 9 : 50 PM

Comments

Post a Comment

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....