ပန်းခရေ

အနိမ့်စံတော့ကော ဘာဖြစ်သလဲ
သူ့မှာ သူ့ဂုဏ် သူ့ရနံ့
အစဥ် မွှေးပျံ့တာပဲ မဟုတ်လား..........

ပန်ချင်သူ ချူစရာမလို
မြေခ ကြွေကျ သူ့သဘာဝပဲ .........

မပန်ချင်သူမှာ မထောက်မညှာ
နင်းကျော် လျှောက်ကာသွားပေမဲ့......

ခရေချစ်သူမှာတော့
တပွင့်ကြွေ တစ်ပွင့်ကောက်
မွှေးရနံ့ကြိုင်လန်း ဒီပန်းကိုပဲ
ပန်ချင်စရာ သီကုံးဖို့
ပန်းကြွေသောလမ်းမှာ
သူရောက်လာမြဲ ...............

TTH (15.6.2019)


(15.6.2019) 8:15 AM
Photo Credit - Google Image

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...