ပြင်ဆင်ထားပါ တုံးလုံးစာ

အတိတ်ကံရယ် မတူတော့
လာခဲ့တဲ့လမ်းတွေလည်းမတူ
တစ်ချို့က တစ်နေ့တခြား ကြီးပွား
တစ်ချို့က တစ်နေ့တခြား ငြီးတွား ...........

အထည်ကြီးပျက်တဲ့
အထုတ်အထည်ပျက်
ပျက်လိုက်သမှ
စည်းစိမ်တွေ တဖြုတ်ဖြုတ်
တဖြည်းဖြည်းချင်းမဟုတ်
နေ့ချင်းညချင်း အခြေအနေက
အနှုတ်လက္ခဏာပြ
ဘာမှ မဖြစ်နဲ့ ဒါတွေက တစ်ခဏ.......

တစ်ချို့က ဆင်ပိန်တော့ကျွဲ
ဒီထက်ပိန်တော့လည်း ဘာဖြစ်အုံးမလဲ
တကယ်တော့ လာရာလမ်းမတူပေမဲ့
သွားမဲ့လမ်းက တစ်ခုတည်းရယ်
သေလွန်ပြီးနောက် ယူသွားစရာ
ဘာမှမပါ ပါဘူး........

ဒါပေမဲ့ သေရာပါမဲ့ အရာတွေကတော့
ပြင်ဆင်ထားရမပေါ့
မတ်တပ်စာကို မတွယ်တာ
တုံးလုံးစာတော့ ပြင်ဆင်ထားဖို့
အသိသတိရှိရှိနဲ့ ဆင်ခြင်ပါမှ

သွားမဲ့လမ်းက ဖြောင့်လိမ့်မှာ..........



(6.6.2019) 11 : 10 PM

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ