ကြိုးစားရုန်းကန် ဘဝမှန်

ငါတို့ရုန်းရမယ်
နက်ချင်သလောက် နက်လိုက်စမ်းပါ
ကြုံလာသမျှတွေကို ရင်ဆိုင်မယ်
အားကုန်ရယ်ထုတ်လို့........

ကံကြမ္မာ ရဟတ်က
သူ့အလိုကျ လည်ပတ်လို့
အနိမ့်အမြင့်ရယ် မတူ
တစ်နေ့တော့ရယ်
အမြင့်သို့ရောက်မယ်ဟဲ့
အားမလျှော့စတမ်းကွဲ့ ...........

ကြိုးစားကြမယ် ညီ/ညီမငယ်တို့
နောင်တစ်ချိန် ဒီလိုရယ်ဘဝတွေနဲ့
ဝေး ဝေးနိုင်သမျှ ပြေးပြေးကြမယ် ......

ခုချိန်ကစ............
ပြင်ရမယ် ဒီအမူအကျင့်ကိုပ
မကောင်းတာ တို့မယူပါဘူးရယ်လို့
အကောင်းကိုသာ မျှော်တွေးလို့
ကောင်းကျိုးလိုရာ ပြုကြမယ်ကွဲ့........

မက်ကြစို့ မျှော်လင့်ချက်အိပ်မက်တွေ
တစ်နေ့တော့ရယ် 
တို့တွေ အိပ်မက်က တကယ်ဖြစ်လာမှာမို့
အတိတ်သမိုင်းလည်း မရိုင်းရအောင်
ဆင်ခြင်ပါမှ အနာဂတ်က

လှ လိမ့်မယ်  .......

(11.6.2019) 10:15 PM

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး