ဝေဒနာအဖြေရှာ

အိပ်မက်တွေကို ခွဲခြမ်းစိတ်ဖြာ
ခဏခဏမက်ဖူးတဲ့ အိမ်မက်
မပီပြင်ဝိုးတဝါးနဲ့ အိပ်မက်က
တစ်နေ့တာ အိပ်စက်ခြင်းကို
လာလာနှောင့်ယှက်တော့
အိပ်မက်တွေကို မုန်းချင်ပြီ ..........

မွန်းကြပ် လှောင်ပိတ်တဲ့
ဒီစိတ်ကို ဖြေဖြောက်ဖို့ရာ
နံပါတ်စဥ်တွေ
တစ်ခုပြီးတစ်ခုတပ်လို့
ကုစားဖို့ ကိုယ်ကြိုးစားပေမဲ့
အနာနဲ့ဆေး ခပ်ဝေးဝေးမို့ထင်ရဲ့ ......

အဖြေမှန် မရောက်တော့
ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံးနေရတာ
နာတာရှည်လိုပဲ မောလှပေါ့ ........

ဒီလိုနဲ့ပဲ တစ်ရံတစ်ခါတော့
အားကြီးတဲ့ စိတ်ရဲ့လှည့်စားချက်ကို
စေညွှန်ရာ လိုက်ပါ‌မြောလို့
ဒီတောင်ကို ဖြိုနိုင်ဖို့ရာ

အားတင်းရတာလည်း အကြိမ်ကြိမ်ပေါ့...........


2.6.2019 (11:00 PM) SUN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....