မေတ္တာလိုသူ ဖေးမကူ

နေ့ရှိသမျှ လူသားဘဝတွေ
ရုန်းကန်ရင်းနဲ့ .........
တစ်ချို့တွေဘဝက လှပလို့
တစ်ချို့တွေက ဒုက္ခနဲ့လက်တွဲ
တစ်ချို့ တစ်ချို့ က မယောင်ရာဆီလူး
ခုတ်ရာတနေရာ ရှရာတလွဲ
မြင်ရကြုံရ ခဏခဏ ........

မွေးဖွားလာပုံချင်းက မတူလေတော့
အခြအနေမတူ အမြင်မတူ
အတွေးမတူတာက
လောက အမှန်တရားတစ်ခုဆိုတော့

သြော်.....ကြည့်ကြည့်သမျှ
မေတ္တာတရားက နေရာအထားမှား
ဂရုဏာတရားက တလွဲဆံပင်ကောင်းလို့
မြင်နေရတာ ရေလိုက်လွဲနေကြတာလား ..........

လူသားနဲ့ဘဝ စာနာမှုက အခြေခံကျသမို့
တစ်ဘဝ တစ်ခဏ ရောက်လို့လာခိုက်
ဖေးမလို့တွဲကာ နိုင်သူကူလို့
ပြေလည်မှုကို ရှာဖွေကြစို့...........

အို............ မတွေးချင်ဘူးဆိုပေမဲ့
အသိစိတ်က နေမရ
ငါ .... အနေအစားချောင်ပေမဲ့
အားနည်းသူကို ဖေးမလို့ကူချင်
ဂရုဏာတရား ထုတ်ကာမကြွားလို
မေတ္တာလိုသူ မေတ္တာရဖို့အဓိကမို့
ရပ်တန့်မနေ ကိုယ်စွမ်းသလောက်တော့
ကိုယ်ကြိုးစားဖို့ ငါ အားတင်းယင်း
အနာနဲ့ဆေး တည့်အောင်
လုပ်ဆောင်ကြမယ်လို့သာ.......... 



(16.6.2019) 6:50 PM
Photo Credit - Google Image

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....