နံရံတွေမှာ နားရှိတယ် .........

မတွေးဘူး .....မမြင်ဘူး ...... မသိဘူးရယ်နဲ့
ရေငုံလို့နှုတ်ပိတ်ကာသာ နေလိုက်တော့မယ်ရယ်ဟဲ့
မှန်ထဲက အရိပ်က ကိုယ့်နမိတ်ထင်ဟပ်လို့
မှန်မကြည့်တော့ ကိုယ့်မျက်ချေးတောင် ကိုယ်မမြင်နိုင်ပဲ
သူတစ်ပါးကို အပြစ်မြင်တော့ ခက်.... ခက်လှပေါ့လေ

မျက်မှန်စိမ်း တပ်ထားတော့ ကြုံလာသမျှ
အလိုမကျချင်စရာက ကုဋေကုဍာနဲ ပေါ့
တွေ့သမျှ မြင်သမျှ သဟဇာတဖြစ်ဖို့က
ပြုံးမိသမျှ အပြုံးတွေက
အရှုံးတွေ၊ အမုန်းတွေအတွက်
အားဆေးတစ်ခွက်ပဲဖြစ်စေမှာ ..........

နံရံတွေမှာ နားရှိတယ်ဆိုတာ အမှန်တရားမို့
ပြောပြီးစကား သူကြားစေလို့

ပဲ့တင်သဘောကို သိမြင်စေ .............

(7.3.2019) 12:34AM

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...