သွေဖီခြင်းနဲ့အနုပညာ

အစကတော့ တစ်မျိုး
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ
တစ်ထပ်တည်းကျဖို့
ငါ့အသက်မွေးမှုက
လက်တွေ့ကျကျ .......

နောက်တော့ တစ်မျိုးတိုးလို့
ဆေးစက်ကျရာ အရုပ်ထင်သလို
ကလောင်တစ်ချက်က လက်နက်လိုပ
စိတ်ယိုင်းတွေ ယဥ်စေလို့
လမ်းပျောက်သူကို ဖေးကူနိုင်ဖို့
စကားလုံးတွေကို အသက်သွင်းရင်း
သွေဖီခြင်းသို့ ရောက်ခဲ့ပြီလေ .........

ဘယ်လိုပင် ဖြစ်ပါစေ
ရပ်တည်မှုက အားနည်းတဲ့ဖက်
ရပ်တည်စွမ်းနိုင်ဖို့ ရည်သန်လို့ရယ်
စွမ်းသလောက် စွမ်းကုန်
ရပ်တည်လို့ ငါကြိုးစားချင်တယ် .........

မေတ္တာစေကျွန် ဖြစ်ချင်လည်းဖြစ်
မေတ္တာနှလုံး အစဥ်သုံးလို့
ရောင်ပြန်မလာ ရှိပါသော်လည်း
ပို့သမေတ္တာ မခမ်းပါဟု
ယုံကြည်မြဲမို့ လျှောက်ဆဲလျှောက်မြဲ

လောကလမ်းထဲ ..............


(29.7.2019) YGN 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး