ချည်မိသည့်ကြိုး

မခြွေခင်က ကြွေနှင့်လေပြီ
ပီတိစကား မကြွားတကြွား
ပြောချင်လွန်းလှသည် ..............

ချည်မိသည်ကြိုး တိုးလို့ခိုင်ကာ
နှစ်ဦးမေတ္တာ သွားရာလမ်းမှာ
တားဆီးမဲ့စွာ ရှိပါစေကြောင်း
တောင်းဆုခါခါ ခြွေလို့သာ ...........

ခုချိန်ခါထိ ပြည့်ဝဆန္ဒ ထပ်တူကျလို့
ကြည်နူးခြင်းရဲ့ ဟိုးတစ်ဖက်မှာ
တားဆီးကာမရ မျက်ရည်များက
အားပါးတရ စီးကာကျခဲ့ပြီ ..........

ရင်မှာ ဆန္ဒ ရှိခဲ့ပါသည်
ထာဝရထက် တစ်ရက်ပိုကာ
ရှိနေချင်တာ မင်းအတွက်သာ .............

သို့ကြောင့်သည်သာ
မေတ္တာစိတ်ထား မဖောက်ပြားပဲ
သစ္စာများဖြင့် မြဲမြဲခိုင်ကာ

ချည်ထားဆဲပါ ..............


7.8.2019 (10:01 PM)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...