နီးရက်နဲ့ဝေး

ရင်မှာ ထင်ကျန်ခဲ့ပြီ ဒဏ်ရာကိုယ်စီ
လျှောက်ခဲ့တဲ့လမ်းမှာ ရှေ့တိုးဖို့ခက်တော့
လိုက်လို့ပြေးတာလား၊ ပြေးလို့ လိုက်တာလား .......
ခွဲခြားမရတဲ့ နောက်မတော့
အမြီးအမောက် မတည့်သော ဝေဒနာက
ဒီရင်မှာ လာရိုက်ခတ်တာပဲလေ ..............

လွယ်လွယ်လေးနဲ့ ရဖို့ခက်တော့လည်း
ခက်တာကိုမှတသသနဲ့
လူ့ဘဝ လက်မလွှတ်နိုင်တာမို့
အထာကျကျနဲ့ပဲ လမ်းဆုံးထိလိုက်မလား
လက်လျှော့ရမလား သူ့အတွေးတွေ
ဝေဝါးစေတာ ..................

ပြောချင်တဲ့ စကားလေးတစ်ခွန်းကိုမှ
သူသိပါစေ ပြောဖို့ရာ ဆွံအ ...........

သေရာပါတဲ့ဒဏ်ရာများနဲ့
သူကထားရစ်လို့
တကယ်တော့ ကိုယ်တို့နှစ်ဦးက
မဆုံနိုင်တော့တဲ့ လမ်းကိုယ်စီ
နီးရက်နဲ့ဝေး ............

ဟိုးအဝေးဆီသို့ ပြေးခဲ့ကြပြီ။



(7.3.2019) WED

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...