သူ့အတွက်သာ


ဖြူစင်ခြင်းများလည်း ပွေ့ပိုက်လို့

လှမ်းခဲ့တဲ့ ခရီးရှည်တွေ


ပြန်လည်တွေးရင်း

မချိတင်ကဲ ရင်ထဲကရယ်
သူ့အရိပ်ကလေးသာ

ကိုယ် ဖြစ်ပါရစေ.....




စိတ်အစဥ်မှာ မေတ္တာတေးတစ်ပုဒ်

ကိုယ်ဆိုညည်းဖို့ စကားလုံးတွေဟာ

သူ့အတွက်သာ ရှိစေပါ .....




ဝင်သက် ထွက်သက်တိုင်းမှာ

သူ့ပုံရိပ်တို့ မြင်ယောင်တိုင်းလည်း

မေတ္တာတရားတို့ သူ့ဆီမှာ....




​ပင့်သက်ခြွေခိုက် အစိမ်းခြွေခြွေ

ကိုယ်ကြွေမိလို့ တိတ်တိတ်လေးကောက်ယူ

သိမ်းဆည်း ထားခဲ့ပြီမို့ .....




အလွမ်းတွေနဲ့ ယောင်ချာချာကျန်ရစ်

ကိုယ့်အဖို့မှာ တတ်နိုင်တာဆိုလို့

သူ့အတွက်သာ ရည်စူး

သာယာပါစေ ဆုပန်ခြွေဆဲ ..... ။

TTH (21.3.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...