လောကမှာ အမှန်တရားဟာ

အမြဲ ကန်လန့်ကာနောက်မှာရှိတာ

တစ်နေ့ပြီး တစ်နေ့ သိသထက်သိလာ ....


ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတာလည်း 

ဆင်သေကို ဆိတ်သားရေနဲ့ဖုံးဖို့ကြိုးစား

မသူတော်တွေက သူတော်ကြောင်းပြကြလို့

အရူး ဘုံမြှောက်ခံရတဲ့ခေတ်မှာ

ကန့်လန့်ကာနောက်က

သူ့တို့စိတ်ထားတွေ မရိုးဖြောင့်ဘူးဆိုတာ

ကြုံးဖူးမှ သိမှာပါ  .....


ဘုရားသခင်ထံ သွားတဲ့လမ်းမှာ

အပြစ်တွေကို ဆေးကြောကြ

ဦးချဝပ်တွား သူလမ်းပြခေါ်ဆောင်တဲ့ဆီ

သွားနေရင်း

စိတ်​၏အလျင်က အရှိန်ပြင်းလှတော့

မထိခိုက်မိဖို့ ထိန်းကြစို့ .....။


သက်တန်လွှာ

Oct 23, 2023 (YGN)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....