ရာသီချိန်ခါ

ရွက်ဝါတို့ ကြွေဆင်း

လေအဝှေ့မှာ လွင့်ပါမျောလို့

နွေရဲ့ သရုပ်ကို သူဖော်

ရိုးတံပြိုင်းပြိုင်း ပင်အိုပင်ပျို

အလှချင်းပြိုင်လို့

ဥဩငှက်ပျိုတို့ တေးသံဆိုပြီ .....


မိုးယံက တိမ်တွေစုဖွဲ့

အုံ့မှိုင်းလို့  ပြိုတော့မယ်ဟန်နဲ့

ကမ္ဘာမြေဆီ ပက်ဖျန်းမယ်ကြံ

လေနှင်လို့ သူ့မှာ အားပျော့ရပြန် ......


မျှော်လေတဲ့အချိန်ခါရာသီ သူ့ချိန်ရောက်ပြီမို့

အလှထူးစွာ ရွက်နုတို့ဝေဖြာ

မျက်စိပသာဒ ကြည့်မဝချင်စရာ

မိုးဦးရာသီမှာ မိုးစက်ပွင့်တို့ပက်ဖြန်းပြီ .....

(၁၀.၅.၂၀၂၀) ရန်ကုန်


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...