တစ်ကိုယ်တော် ခရီးနှင် .....

အေးစက်သွားပြီ

တမင်တကာ ရှောင်ဖယ်လို့ပုန်းသူကို

အတွေးလေးနဲ့ ပြေးကြည့်လို့

ပူပန်တွေးများ ကျန်ခဲ့သေးလားရယ်

ကိုယ့်ကိုယ်ကိုယ် အကဲခတ်မိပြန်တယ် .....



သေချာတယ်

ရင်ဘတ်ချင်းမှ မနီးတော့တဲ့နောက်

လူရှိန်အောင်သာ အနေမပျက်


ဘာလို့နေအုံးမလဲလေ ..... 


အတ္တချင်းလည်း မပြိုင်ပါရစေနဲ့

စီးချင်းထိုးတဲ့ပွဲမှာ ဉာဏ်ပညာအသားပေးမလား

ရိုးသားမှုချင်းပြိုင်တာလည်း မဟုတ်ခဲ့တော့

ရိုးဂုဏ်က ဒီကိစ္စမှာ ပါဝါမရှိတာ သေချာ .....



ဒီတော့ အမှန်တရား ခါးခါးလေးနဲ့

ဘဝဆိုတဲ့ ကျောင်းစာတွေက

တစ်နေ့ထက်တစ်နေ့ ခက်ခက်လာတယ်

နောက် နေ့သစ်များ အတွက်

ဆရာ အရှာထွက်တော့မှလို့ တွေးတုန်း

ဘတ်သီးလေးကလည်း

လင်းတစ်ချက် မလင်းတစ်ချက်နဲ့

မိုးမလင်းသေးဘူးလို့ ပြောနေလေရဲ့ .....။


(၂၇.၀၅.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...