အရှုံးထဲကအမြတ်

 သိမ်ပိုက်ထားတဲ့ ရနံ့တွေကို 

အငမ်းမရနဲ့နေ့စဉ်ရှူရှိုက် .....


ခရီးမထွက်ရတာလည်းကြာတော့

အတောင်ပံသစ်တစ်စုံနဲ့

ငါ ပျံသန်းခဲ့ပြီ (ပျံသန်းခွင့်ရခဲ့ပြီ)

စိတ်ကူးတွေနဲ့ပဲပေါ့ ....


တို့ဆီမှာ ခုထိလည်း

သေတဲ့သူကလည်းသေလို့

ငတေတွေကလည်း မာပြီးရင်းမာလို့

မီးခိုးခေါင်းတိုင်က မီးခိုးတွေဟာလည်း

မစဲပဲ တသဲသဲရှိနေဆဲပဲ.....


ဒီကာလတွေထဲမှာ

အသက်ရှူရခြင်းရဲ့တန်ဖိုးကိုလည်း

သိခဲ့ရပြန်သေးတယ် .....


စိတ္တဇညတွေရဲ့ အိပ်မက်တွေထဲမှာ

တွေ့ချင်တဲ့သူတွေနဲ့ လည်း 

တွေ့ခဲ့ကြဆုံခဲ့ကြ

ဖမ်းဆုတ်မရခဲ့တာပဲရှိတာ .....


Heart to heart တဲ့

ငါကြားဖူးတယ် .....

ရင်ဘတ်ချင်းနီးကြသူချင်း

သူငယ်ချင်းရေ အားမငယ်ပါနဲ့လို့

အပြန်အလှန် ပြောခွင့်ကြုံရတယ်

ဒါလေးကတော့ အမြတ်ပါပဲ ..... 


August 10, 2021 (TUE)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...