မောဟခရီးသည်...........

ပထဝီ မကျေညက်ခဲ့တဲ့ငါက
ခုခါမှာတော့ နည်းပညာအားကိုးနဲ့
မင်းရှိမဲ့ နေရာလေးကို ဖွေရှာ
အကွာအဝေးကတော့ အစွန်းနှစ်ဖက်မှာ
မင်းကအရှေ့ဆို ကိုယ်က အနောက်ပေါ့ ............

နီးစပ်ဖို့လည်း မလွယ်ကူပေမဲ့
အရာရာ စိတ်က ဦးဆောင်တာမို့
စိတ်စွမ်းအားတစ်ခုနဲ့ မြင်ယောင်
အိပ်မက်ထဲတောင် ခဏခဏ
သွားနေကျမို့ ကိုယ့်အတွက် မစိမ်းတော့တာ ..............

တခါတရံမှာ အိပ်မက်မက်နေယုံနဲ့တင်
ကိုယ့်ဘဝကို ရောင့်ရဲနေမိတော့တာ
မောဟများနဲ့ မျောချင်ရာမျော
ခရီးနှင်နေခဲ့မိတာ
လမ်းခုလတ် အရောက်မှာ
ပြုပြင်စရာများလည်း ဒီကနေ့မှာ
အသိတစ်ချက် လင်းလာ ..........

တိတ်ဆိတ်စွာနဲ့ပဲ
ကိုယ့်ဘဝ ဦးတည်ရာရှာ
ထိုးဖောက်လို့ဝင်မယ်
အဆီးအတားများစွာရယ်
မေတ္တာလက်နက်နဲ့
ကျော်ကာဖြတ်မလို့
သွားရာလမ်းက ဖြောင့်ဖြူးပါစေ

တောင်းဆုခြွေလို့ ..........





(8.3.2019) YGN


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...