ထွက်သွားပါ

နင်မသိပဲ ကျခဲ့တဲ့ ငါ့မျက်ရည်တွေ
အဖြစ်ပျက်များဟာ မနေ့တစ်နေ့ကလို
ဒီရင်မှာ ထင်ကျန်နေ .............

နေပါစေလေ မတားချင်ပါဘူး
နင်လိုရာ နင်ပျံသန်းဖို့
အမြင်တွေ မတူတော့လို့
အခွင့်အရေးလေး ပေးပါတယ်
နင်ထွက်သွားပါ ........

နင်ရေးခဲ့တဲ့ သမိုင်း မရိုင်းပါစေနဲ့လို့ပဲ
ငါလေဆုတောင်းခဲ့
နောက်ဆုံးတော့မှ ငါ့ဆီ ပြန်မလာဖို့
ရင်ထဲနင်အမြဲ မှတ်ယူစေချင်လို့ ............

တကယ်တော့ ဘယ်သူမှ မမှားခဲ့ပဲ
ဒီကြံကမ္မာကိုပဲ အပြစ်ဖို့ကြစမြဲ
အနေတွေဝေးတိုင်းလဲ
အဝေးနေမဖြစ်နိုင်တာ

ငါလေ ဒီလို ယုံကြည်နေဆဲ ............


(20.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...