ရနံ့ကြိုင်ပန်းလေးလို .....

ဘဝဆိုတာ ရှိတော့ရှိတယ် အရှိမဲ့လို
အလင်းဖျော့တဲ့ ကောင်းကင်ကြီးနဲ့
မမြဲခြင်းတရားကို သတိမူရင်း ............

အတုအယောင်တွေက ကြီးစိုးချိန်
အစစ်အမှန်တွေကတော့
ယုံကြည်ချက်ကို ဖက်တွယ်ဆဲ
လေဆန်ကို အန်တုလို့
ဘုရင့်နောင် ဖောင်ဖျက်
ဆက်လျှောက်ဆဲ ...........

တစ်နေ့ တစ်လံ ပုဂံဘယ်မှ မရွေ့တာမို့
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလို့ရယ်
အဆီးအတားများ ရှိနေလည်း
သွားလိုရာလမ်းမှာ ကိုယ့်မူကိုယ့်ဟန်နဲ့သာ
ငါ ........ ဆက်လျှောက်မယ် ......

ကြွေပါစေ မျက်ရည်များလည်း
ဒီလောကဒဏ်တွေ ကျော်ကာဖြတ်လို့
ရနံ့ကြိုင်သော ပန်းလေးတစ်ပွင့်လို
ထာဝရ မဟုတ်တောင်

ဝေလည်းမွှေး ကြွေလည်းမွှေးစေ ..............


(6.8.2019) 7:15 AM

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...