ရှိနေယုံ

ထင်ကျန်ရစ်ဆဲ ငါ့ရင်ထဲ
ရှိနေယုံလေးပဲ ..........

မင်းအတွက် ဘာလိုသေးလဲ
ရှေ့ဆက် မင်းရှေ့ဆက်
ငါ့ဖက်ကအမြဲအသင့်ရှိမယ် .........

အနွံအတာခံပြီး အမြဲ ပေးဆပ်ခဲ့
နလံမထူနိုင်အောင် မင်းရိုက်ချိုးခဲ့လဲ
အမှတ်မရှိခဲ့ ငါ့အသည်း
ဒဏ်ရာတွေကို ကုစားရင်းပဲ ...........

အရိပ်ပြယုံနဲ့ ငါမြင်ပါတယ်
မတွေဝေပါဘူး ကံကြုံရင်
ပြန်ဆုံဦးမှာပဲ ...........

ရောင့်ရဲတတ်သူ အဖြစ်
ထာဝရ ငါမင်းအတွက်
ပြင်ဆင်ခဲ့ပြီး ...........

သစ္စာတရားကို တန်ဖိုးထား
ရှိနေယုံသက်သက်ပဲ
မေတ္တာတရားနဲ ငါရှေ့ဆက်ဆဲ .............



(17.8.2019) YGN

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...